(အပိုင်း ၁)

29.5K 447 11
                                    

[Unicode]

"ဟာ!ချီးလိုပဲ!ချစ်ကူးသော ရာ!"

အလုပ်လုပ်နေသည့်လူ၏ အနောက်ကိုလိုက်၍ နားအပူလာပေး‌နေတဲ့အပြင် စီထားတဲ့မုန့်တွေကိုပါ ဖျက်လို့ဖျက်စီးလာလုပ်နေသည့် ချစ်ကူးကို ခွန်းခ လှမ်း‌ပြောလိုက်သည်။

ထုံးစံအတိုင်းပဲ ပြောလိုက်လည်း ကိုယ်တော်ချောကအရေးမလုပ်ပဲ အနောက်ကထပ်လိုက်ပြီ နှောက်ယှက်နေပြန်တယ်။

"လိုက်ခဲ့ပါ။ ယုခွန်းခ ရာ!"

"အလုပ်တွေရှိသေးတယ်လို့ လိုက်လို့မရပါဘူးဆို"

"လိုက်ခဲ့ပါဟာ နင်မပါရင် ပွဲမှာငါတစ်ယောက်တည်းဖြစ်နေမှာပေါ့"

"မေကူးရှိတာပဲ!"

"မေမေ‌က ဧည့်သည်တွေနဲ့‌ဒေါ်မေမြတ်ဟန်ကြီး အနားမှာပဲရှိနေမှာလေ ငါနဲ့အတူရှိနေမှာမှမဟုတ်တာ"

"နင်ဘဲကြီးကို အနားခေါ်ထားပေါ့"

"နင်ကိုပဲခေါ်ထားချင်တာဟာ!လိုက်ခဲ့!"

"ငါမအားဘူး ချစ်ကူး ရာ"

"လိုက်ခဲ့ပါ‌နော်...ကိုစက်ရဲ့မွေးနေ့ပွဲ တစ်ခုထဲလုပ်မှာမဟုတ်ဘူး။ ကိုကြီးဟန်မင်းသိုက် နိုင်ငံခြားကပြန်လာလို့ တခါထဲကြိုဆိုပွဲပါ ပေါင်းလုပ်မှာတဲ့၊"

ချစ်ကူးပြောလာသည့် စကားကြောင့် အလုပ်လုပ်နေတဲ့ ခွန်းခ၏လက်တွေကရပ်တန့်သွား၏

ထိုနာမ်လေးကို ကြားလိုက်ရတာနဲ့ သူရင်ထဲအကုန်ဗြောင်းဆန်ကုန်တော့တာ သူသာအသိဆုံးပင်။

ပြန်လာတော့မှာတဲ့လား...

စကားပြောနေရာကနေ ကြောက်ရုပ်ဖြစ်သွားတဲ့ သူငယ်ချင်းဖြစ်သူကိုကြည့်ရင်း ချစ်ကူး ချောင်းဟန့်လိုက်သည်။

"အဟမ်း!!"

ချစ်ကူး၏ ချောင်းဟန့်သံကိုကြားလိုက်ရမှ ခွန်းခ အသိပြန်၀င်လာတော့၏

"နင် ကိုကြီးဟန်မင်းသိုက်ကို မှတ်မိသေးတယ်မဟုတ်လား"

"ဟင့်အင်း မမှတ်မိဘူး"

ခွန်းခ ပြန်ဖြေလိုက်တဲ့အဖြေက ရင်ထဲကလာတဲ့ အဖြေတော့မဟုတ်ခဲ့ပေ။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now