[Extra]

7.6K 151 2
                                    

(Unicode)

"မေ့...ကိုးရဲ့ အဂျီခဲရောင်ယေးဂိုပါ ထည့်ပေးယော်"

အနောက်က လှမ်းပြောနေသည့် သား၏အသံကြောင့် ခွန်းခ ပြုံးလိုက်မိသည်။

ဒီကလေးနှစ်ယောက်က သူတို့အဖေအတိုင်းပဲ၊ တစ်ခုခုကိုသဘောကျမိရင် ဘယ်အရာနေ‌နေ တန်ဖိုးထားတတ်တာ။ အခုပဲကြည့် ဒီအကျီခဲရောင်လေးကို သွားလေရာသယ်နေတော့တာပဲ။ တစ်ခြားအကျီတွေပဲယူပါ ပြောလဲမရ။ တကယ့် ဖအေတူလေးတွေ၊

"ထည့်ထားပြီးပါပြီရှင့်"

သားကို‌ပြန်ဖြေပြီး ခွန်းခ အကျီလေးတွေကို သပ်သပ်ရပ်ရပ်ခေါက်ပြီး luggage ထဲ ထည့်လိုက်သည်။ ကလေးနှစ်ယောက်လုံး၏ အကျီတွေထုတ်ပိုးပြီးတာနဲ့ အခန်းဒေါင့်လေးမှာ အရန်သင့်ထားထားလိုက်သည်။

မနက်ခရီးစထွက်မှာဆိုတော့ အခုညထဲက အရန်သင့်လုပ်ထားမှတော်ခါကျမှာ၊ မဟုတ်ရင် အိပ်ပုတ်ကြီးတဲ့ ဒီသားဖတွေကြောင့် နောက်ကြမှာ ‌အသေချာ။

"အင့်...ဒါယော ယူမယ်"

အင့်...ဆိုကာ၊ ပုံပြင်စာအုပ် လေး၊ငါးအုပ်ကို လက်ထဲ လာထည့်ပေးသည့် သားကိုကြည့်ရင်း ခွန်းခမှာထက်ပြုံးလိုက်မိသည်။ သားရဲ့ဘေးမှာထိုင်လိုက်ပြီ။

"စာအုပ်‌တွေ မယူသွားလဲရပါတယ် သားရဲ့၊ မေမေ့က ပုံပြင်ကောင်းကောင်းလေးတွေ ပြောပြမယ်လေ"

"တဂယ်ယာ..."

"တကယ်ပါရှင့်"

"အဲတာချို ပြီးယော...ကိုး..ဖွားချီက မုန့်ဖိုးသွားတောင်းယိုက်အုံးမယ်"

ပြောပြီးတာနှင့် အခန်းထဲက လှစ်ခနဲ!ပြေးထွက်သွားသည့် သားကို ကြည့်ရင် ခွန်းခမှာပြုံးနေမိပြန်သည်။

မိသားစုလိုက် ပထဦးဆုံးခရီးလေးဆို‌တော့ သမီးရောသားရော အပျော်တကြီးပျော်နေကြတာ။ အပျော်ဆုံးလူကတော့ ဦးဟန်...ပဲပေါ့၊ ရှိသမျှအလုပ်အကုန်ပစ်ပြီး ဒီနေ့ထဲက သွားဖို့ပြင်ဆင်နေလေရဲ့။

"မိန်း‌မရေ..."

ဟော..အသက်ရှည်အုံးမယ်...

"မိန်းမရေ..."

တခေါ်ခေါ်နှင့်အခန်းထဲ၀င်လာခဲ့ပြီး၊ အ၀တ်ထည့်နေသည့် ခွန်းခ၏ခါးလေးကိုသိမ့်ခနဲဖြစ်အောင်ဖက်ထားလေသည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now