(အပိုင်း ၆)

10.2K 276 40
                                    

"မင်းဒဿ"နာမည်ကို တူတယ်လို့ လာပြောတဲ့လူရှိလို့ ကျွန်‌တော် နာမည်ပြောင်းထားပါတယ်။ ပြောင်းထားတဲ့နာမည်က "လွန်းဒဿမော်ဦး" ပါ "မော်ဦး" လို့ပဲအများဆုံးရေးသွားမှာမို့ ဖြည့်ဖတ်ပေးကြပါ။ (စာဖတ်သူတွေအတွက်အနှောက်ယှက်ဖြစ်သွားရင် ‌တောင်ပန်းပါတယ်ဗျာ)🤎

[Unicode]

မော်ဦးက ခွန်းခအိမ်ကိုပဲပြန်ခေါ်သွားပြီး ရေချိုးခိုင်းလိုက်သည်။ ခွန်းခ ရေချိုးပြီးတာနဲ့ သူအသင့်ခေါ်ထားတဲ့ မိတ်ကပ်ပြင်ဆရာနဲ့ အလှပြင်ခိုင်းပြန်သည်။

"ဒီနေ့ညပွဲမှာ သူကအလှဆုံးဖြစ်နေပါစေ"ဆိုပြီး မိတ်ကပ်ဆရာကိုပြောကာ သူကအောက်သို့ပြန်ဆင်းသွားခဲ့သည်။

အားလုံးပြင်ဆင်ပြီး‌တာနဲ့ မော်ဦးရွေးထားပေးတဲ့ အနက်ရောင် ကိုယ်ကျပ်ဂါ၀န်အရှည်လေးကို၀တ်၍ အောက်သို့ ဆင်းခဲ့လိုက်သည်။

မော်ဦးရဲ့အကြည့်တွေက လှေကားပေါ်က ဆင်းလာနေတဲ့ ခွန်းခဆီကို ရောက်သွားခဲ့သည်။ သူရွေးထားပေးတဲ့ ဂါ၀န်လေးနဲ့ ပြောစရာမလိုလောက်အောင်လှနေတဲ့ ခွန်းခကိုကြည့်ရင်။

"အစထဲက ဒီလိုမျိုးတွေ ၀တ်သင့်တာ"

"ငါစတိုင်မဟုတ်တော့ နေရခက်တယ်ဟ"

"သူဌေးတွေကြားမှာနေရင် ဒီလောက်တော့သည်းခံတတ်ရမယ်။"

"ဟုတ်ကဲ့ပါရှင့် ကျွန်မမှတ်ထားပါ့မယ်။"

ခွန်းခပြောလိုက်တဲ့စကားကြောင့် မော်ဦးတစ်ချက်ပြုံးလိုက်မိသည်။ ထိုအချိန်ပေါ်လာသည့် ပါးချိုင့်ရာလေးထဲကို ခွန်းခလက်ညိုးလေးဖြင့်ထိ၍။

"ဒီလိုပါးချိုင့်ပေါ်အောင် အမြဲရယ်ပါဟ နင်နဲ့လိုက်တယ်။"

"နင်ရောပဲ"

နှစ်ယောက်သား ခဏအကြည့်ချင်းဆုံသွားတာမို့ နှစ်ယောက်လုံး ပြုံးလိုက်မိလေသည်။

ဒီအရာလေးက ခွန်းခတို့နှစ်ယောက်လုံးမှာတူညီစွာရှိနေတဲ့ အရာလေးတစ်ခုပင်။ သို့သော် မော်ဦး၏ပါးချိုင့်ရာလေးက ပြုံးလိုက်ရင်တောင် ထင်နေအောင်ပေါ်လာတတ်သည်။ ခွန်းခရဲ့ပါးချိုင့်ရာလေးကတော့ ရယ်လိုက်ရင်တောင် ထင်ပေါ်ရုံလေးသာပေါ်လာသည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now