(ဇတ်သိမ်းပိုင်း)

14.4K 224 22
                                    

[Unicode]

ဘာလိုလိုနဲ့အခုဆို ဒီးဒီလေးနဲ့ကိုကိုးလေး ၂နှစ်ပြည့်သွားခဲ့ပြီ။ မျက်စိရှေ့မှာတင် လေးဖက်ထောက်သွားနေရာကနေ မနိုင်မနင်းခြေထောက်လေးတွေကိုသယ်၍ လမ်းလျှောက်တတ်သည့်အရွယ်လေးတွေကို ရောက်ရှိလာခဲ့ပြီ။

မွေးတုန်းကပေါင်မပြည့်ခဲ့လို သေးသေးကွေးကွေးလေးဖြစ်ခဲ့ကျပေမယ့် အခုတော့တအိမ်လုံးရဲ့ ဂရုစိုက်မှုတွေကြောင့် နှစ်ယောက်လုံး ပြည့်ပြည့်ဖောင်းဖောင်းလေး‌တွေဖြစ်လာခဲ့ပြီ။

အသက်တွေကြီးလာတာနဲ့အမျှ သူတို့လေးတွေရဲ့အကြိုက်နဲ့စိတ်ဝင်စားစရာလေးတွေကလည်း ပို၍များလာခဲ့တယ်။ ဒါအပြင် သူတို့လေး‌တွေရဲ့ပင်ကိုအကျင့်၊အပြုအမူလေးတွေကိုလည်း ပို၍ထုတ်ပြတတ်လာနေပြီဖြစ်သည်။

ဒီးဒီလေးကကြီးလာသမျှ တက်တက်ကြွကြွနဲ့ စကားပြောရတာကိုပို၍သဘောကျ‌လာနေပြီ၊ အခုတောင်မပီတပီနဲ့ ပါးစပ်ထဲရှိရာအကုန်လျှောက်လျှောက်ပြောတတ်နေပြီ။ အပြင်သွားရမယ်ဆို ဘယ်သူခေါ်ခေါ် ကောက်ကောက်ပါအောင်လည်း လိုက်တတ်သေး။ ဖအေတူသမီးဖြစ်တာမို့ ဒီးဒီလေးကလည်း သူအဖေလိုပဲ ကားတွေဆိုင်ကယ်တွေမြင်ရင် အရူးအမူးပင်။ အိမ်ကဒီးဒီရဲ့ကစားစရာတွေအားလုံးကလည်း ကား၊ဆိုင်ကယ်၊တွေနဲ့သာ ပြည့်နှက်နေသည်။

ကိုကိုးလေးကတော့ အနေအေးလွန်းတာမို့ ရေခဲတုံးလေးတောင်မှတ်ရတယ်။ အရွယ်နဲ့မလိုက်အောင် တည်တည်ကြည်ကြည်လဲနေတတ်သေး။ ငိုတာလည်းသိပ်မရှိပဲ သူဟာသူအေးဆေးလေးနေတတ်တဲ့ကလေးပင်။ အမဖြစ်သူဆော့ချင်တာ၊လုပ်ချင်တာမှန်သမျှ အနောက်ကနေအမြဲအဖော်လိုက်လုပ်‌ပေးတတ်တယ်။ အမဖြစ်သူကို အထိမခံတဲ့စိတ်၊ကာကွယ်ချင်တဲ့စိတ်လေးကလည်း အခုထဲကရှိနေပြီ။ ကိုကိုးလေးက လူများတဲ့နေရာတွေကိုမကြိုက်သလို အပြင်ထွက်ရတာလည်းသိပ်မကြိုက်ဘူး။ သို့သော် ချစ်ကူးဘယ်ခေါ်ခေါ် အနောက်ကအမြဲပါ‌အောင်တော့လိုက်တတ်ပြန်တယ်။

မောင်နှမနှစ်ယောက်မှာ တူတဲ့အမူအကျင့်လေးတွေရှိတာကတော့၊ အစားမက်တာလေးနဲ့ အိပ်ပုတ်ကြီးတာလေးပဲ။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now