(အပိုင်း ၄၂)

8.9K 196 20
                                    

[Unicode]

မွေးခန်းထဲမှာ နာရီပေါင်းများစွာ အသက်ရှုရပ်မတတ်ရင်ဆိုင်လာခဲ့ရပြီးနောက်မှာတော့ ပေါက်စလေးနှစ်ယောက်ကို ကျမ်းကျမ်းမာမာနဲ့လောကကြီးထဲခေါ်ဆောင်လာနိုင်ခဲ့ပြီးဖြစ်သည်။

ပွဲကအလာညဆယ့်တစ်နာရီလောက်ထဲက နာလာတဲ့ဗိုက်က ညနှစ်နာရီလောက်မှာမှ မွေးထုတ်လာနိုင်ခဲ့တယ်။ ဆယ့်မိနစ်သာကွာပြီးမွေးလာတဲ့ ပေါက်စလေးတွေရဲ့ ငိုသံကိုကြားရပြီး‌နောက်မှာပဲ သူဟာသေမယ်ဆိုရင်တောင် သေပျော်ခဲ့ရပြီ။

မွေးခန်းထဲမှာ သူရင်ဆိုင်လာရတဲ့နာကျင်မှုက ဘယ်အရာနှင့်မှနှိုင်းယှဉ်လို့မရပေ။ သူကိုယ်တိုင် ဒီလိုအချိန်မျိုးကို ကြုံတွေ့လိုက်ရတော့မှ မိခင်တစ်ယောက်ရဲ့မေတ္တာတွေကို ပို၍သိလာခဲ့ရတယ်။ မေမေဆို ယောင်္ကျားရှိပါလျက်နဲ့ အရာရာအားလုံးကိုတစ်ယောက်တည်း ရင်ဆိုင်ဖြေရှင်းလာခဲ့ရတာ။ မေမေဘ၀ကြီးက ဘယ်လောက်တောင်ခက်ခဲလိုက်မလဲ...

မိခင်တစ်ယောက်ရဲ့စိတ်ကို ကိုယ်တိုင်မိခင်နေရာရောက်မှ နားလည်နိုင်မည်။...

အချိန်ကာ မနက် ၆ နာရီခန့် ၊ နာကျင်မှုဒဏ်ကို အံ့ခံတုရင်း သေမင်းနှင့်လက်တလုံးကြာမှ အသက်လုလာခဲ့ပြီးနောက် ခွန်းခ ပြန်နိုးလာနိုင်ခဲ့သည်။

လေးပင်နေသည့် မျက်လုံးတွေကိုအားယူကာ ဖွင့်လိုက်ပြီ၊ သူလက်ကိုနွေးထွေးစွာဆုပ်ကိုင်ထား၍ ဘေးမှာအိပ်နေသည့်လူကြီးကိုလှမ်းကြည့်ရင်း ပြုံးလိုက်မိသည်။

ဦးဟန်...လည်း သူကြောင့်အိပ်ရေးပျက်ရပေါင်းများခဲ့ပြီ။ ကိုယ်၀န်နဲ့တုန်းကလည်း ကိုယ်အိပ်ရတာအခက်ခဲရှိတော့ သူမှာလိုက်မ‌အိပ်ပဲ စာဖတ်ပြလိုက်၊ပုံပြင်ပြောပြလိုက် သီချင်းဆိုပြလိုက်နဲ့ ညတိုင်းနီးပါးအိပ်မရတဲ့ဒဏ်ကိုအတူခံစားခဲ့ရတယ်။ ကိုယ်၀န်ကြောင့် ချဉ်ချင်းတတ်ရင်လည်း ညသန်းခေါင်းယံပါမရှောင် စားချင်တာမှန်သမျှ ချက်ပြုတ်ကျွေးတတ်သေးတယ်။...

အရာအားလုံးအတွက် ကျေးဇူးပါ ဦးဟန်...ခင်ဗျားကြောင့်ပဲ အရာအားလုံးကို လွယ်လွယ်ကူကူဖြတ်ကျော်လာနိုင်ခဲ့တာ။...

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now