(အပိုင်း ၁၁)

8.8K 268 10
                                    

[Unicode]

ဟန်မင်းသိုက် ဆေးရုံကိုပြန်ရောက်သွားတော့ ဆေးရုံးမှာ ခွန်းခတို့မရှိတော့ပေ။ ထိုကြောင့် အောက်ကိုပြန်ဆင်းခဲ့ပြီ တာ၀န်ကျသူနာပြုကို သွားမေးကြည့်လိုက်တော့ အတင်းဆေးရုံးက ဆင်းခွင့်တောင်းပြီး ပြန်သွားကြပြီးပြောလို့၊ ဟန်မင်းသိုက် အိမ်ဘက်သို့တခေါက်ပြန်လိုက်သွားရပြန်သည်။

တလမ်းလုံးလဲ ကားကိုစိတ်ဖြောင့်‌ဖြောင့်နဲ့မမောင်းနိုင်။ စိတ်ထဲမှာ သူမ၊ကိုသာ စိတ်ပူနေမိသည်။ သူမ၊အိမ်ရှေ့ကိုရောက်တော့လည်း အိမ်တံခါးတွေအားလုံး သော့ခတ်ထားတာ‌ကိုတွေ့ရပြန်သည်။

ဟန်မင်းသိုက် ဒေါသထွက်ထွက်ဖြင့် ခြံတခါးကိုခြေထောက်နဲ့ တစ်ချက်ဆောင့်ကန်လိုက်ပြီ။

"တောက်!ဒါဟိုကောင်ခေါ်သွားတာပဲဖြစ်ရမယ်။"

ချက်ချင်းဖုန်းကိုထုတ်လိုက်ပြီး ချစ်ကူးဆီဖုန်းလှမ်းဆက်၍ မော်ဦးအိမ်လိပ်စာကိုမေးလိုက်ကာ။ ချက်ချင်းမော်ဦး၏ အိမ်ကိုလိုက်သွားလိုက်သည်။
.
.
.
.
ကိုယ်တော်ချောက ဆေးရုံးကဆင်းချင်ရင် အိမ်ကိုမပြန်ပဲ သူ့အိမ်မှာလိုက်နေရမယ်ပြောလို့ ခွန်းခ သူအိမ်အထိပါလာခဲ့သည်။

ကားပေါ်က‌ဆင်းတာနဲ့ အိမ်ရှေ့မှာထွက်စောင့်နေတဲ့ ကြီးမေကို‌အရင်ဦးစွာတွေ့လိုက်ရသည်။ ကြီးမေကိုမြင်လိုက်ရတာနဲ့ ကလေးငယ်လေးတစ်ယောက်လို မျက်ရည်လေးဝဲ၍ အပြေးသွားဖက်လိုက်သည်။

ကြီးမေက မော်ဦး မိဘ‌တွေရှိကတည်းက ဒီအိမ်မှာနေလာခဲ့တဲ့ သူတစ်ယောက်ပင်။ အရင်ကခွန်းခတို့ အားလုံးကိုထိန်းခဲ့တဲ့သူဆိုရင်လည်းမမှားပေ။

အရင်ထဲက ကြီးမေအထိက ထိန်းပေးခဲ့ရတဲ့ ကလေးကတော့ မော်ဦးပင်။ မေမေတို့ အလုပ်ကိစွနဲ့ခရီးသွားစရာရှိရင်တော့ ကြီးမေက ခွန်းခနဲ့ချစ်ကူးကိုပါ အမြဲလာလာထိန်းပေးတတ်သည်။ အလုပ်များတဲ့မိဘ‌တွေနဲ့နေရတာကြောင့် ခွန်းခတို့စားချင်တာတွေမစားရတဲ့အခါဆို ကြီးမေဆီကိုပဲ အမြဲရောက်ရောက်သွားတတ်သည်။ ခွန်းခတို့ရောက်သွားတာနဲ့ ကြီးမေက မငြီးငြူပဲ အမြဲဖွယ်ဖွယ်ယာယာချက်ကျွေးလိမ့်ရှိ၏ သွေးမတော်သားမဆပ်ပဲ ငယ်ငယ်တုန်းက ခွန်းခတို့သုံးယောက်လုံးအပေါ် နားလည်ပေးနိုင်ဆုံးသူက ကြီးမေပင်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now