(အပိုင်း ၂၄)

7.7K 209 18
                                    

[Unicode]

{လက်ရှိအချိန် နှစ်လကြာပြီးနောက်}

ထို‌နေ့ကဖြစ်ခဲ့တဲ့ ပြဿနာကြောင့် ခွန်းခ နှင်း‌ကေခိုင်နဲ့မျက်နှာချင်းမဆိုင်ဖြစ်တော့ပေ။ သို့သော် တအိမ်ထဲနေရတာမို့ မတော်တဆ‌တွေ့မိကျရင်တောင် ခွန်းခဘက်က မမြင်ချင်ယောင်ဆောင်၍သာထွက်သွားလိုက်သည်။ ထိုကြောင့်ပဲ ဒီနှစ်လအတွင်းမှာ ပြဿနာဖြစ်တာမျိုးမရှိခဲ့ပေ။

အလုပ်တွေနဲ့တင် ပင်ပန်းနေရတာမို့ ဒီလိုအရေးမရအဖက်မရတွေပြောပြီ၊ ကလေးတွေလိုရန်ဖြစ်နေရတာကိုလဲ ခွန်းခကိုယ်တိုင်လဲ မောလှပြီ။ ဒီလိုမျိုး မမြင်ချင်ယောင်ဆောင်ပြီ နေရတာက အကောင်းဆုံးလို့သာမှတ်ယူထားသည်။

ဒေါ်မေမြတ်ဟန်နဲ့ကတော့ အဲအချိန်ထဲကမတွေ့ဖြစ်တော့တာ အခုချိန်ထိပဲ။ ပုံမှန်ဆို ဒေါ်မေမြတ်ဟန် ကိုယ်တိုင်ကအလုပ်များတဲ့လူမို့ တော်ရုံနဲ့လည်း မတွေ့ဖြစ်ပေ။

ဒီနှစ်လအတွင်းမှာ ဦးဟန်...နဲ့ ခွန်းခရဲ့ဆက်ဆံရေးကလည်း အရင်ထက်ပိုကောင်းလာတယ်။ အလုပ်‌တွေကြောင့် တစ်ယောက်နဲ့တစ်ယောက် အချိန်ကောင်းကောင်းမပေးနိုင်ကျပေမယ့်လည်း နားလည်မှုရှိစွာဖြင့် နေထိုင်ဖြစ်ကြသည်။

ဒီနေ့ကတော့ နှစ်ယောက်လုံးရဲ့ ပိတ်ရက်လေးဖြစ်တာမို့၊ ဟိုဘက်အိမ်မှာသွားနေပြီး မုန့်လုပ်စားဖို့ စီစဉ်ထားပေးမယ့်၊ ညဘက်ကြီး ဦးဟန်...က အရေးကြီးတဲ့ အစည်းအဝေးရှိတယ်ပြောလာတာမို့ အစီစဉ်တွေအားလုံးကိုဖျက်လိုက်ရသည်။

ခွန်းခလည်း ပိတ်ရက်မှာ တစ်ယောက်ထဲမနေချင်တာကြောင့် ချစ်ကူးနဲ့အညိုကိုဖုန်းဆက်ပြီ၊ အပြင်ထွက်လည်ဖို့ချိန်းထားသည်။ အပြင်သွားရန်အတွက် အိမ်ဦးနတ်ကြီးဆီက ခွင့်ပြုချက်တောင်းရမှာမို့ ရေချိုးအခန်းထဲ၀င်သွားသည့် အိမ်ဦးနတ်ကြီး ပြန်ထွက်လာမယ့်အချိန်ကို အိပ်ယာပေါ်ကနေ ထိုင်စောင့်‌နေရသည်။

ဂျလောက်!

တံခါးဖွင့်သံနဲ့အတူ ခါးမှာတဘက်ပတ်၍ ရေချိုးခန်းထဲကထွက်လာသည့် ဟန်မင်းသိုက်အနားကို အကျီထုတ်ပေးရန်အတွက် ကုတင်ပေါ်ကနေ ခွန်းခ အပြေးလေးဆင်းသွားလိုက်သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now