(အပိုင်း ၃၆)

6.2K 193 21
                                    

[Unicode]

ဆေးအရှိန်ကြောင့်ထပြီးလမ်းလျှောက်လိုက်တာနဲ့ ခေါင်းတစ်ခုလုံးမူးဝေလာ၍ ခြေလှမ်းတွေကပါ ဒယိမ်းဒယိုင်းဖြစ်လာခဲ့၏ အနားရောက်လာပြီး ခါးကိုလာဖက်သည့် နှင်းကေခိုင်၏ လက်ကိုဆွဲဖယ်လိုက်ပြီ၊ဟန်ချက်မညီတဲ့ခန္ဓာကိုယ်ကို ထိန်းကာ အရှေ့ရောက်အောင်လျှောက်လာခဲ့လိုက်သည်။

ပြန်မှဖြစ်မယ်။ သူဆင်ထားတဲ့အကွက်ထဲ၀င်သွားလို့မဖြစ်ဘူး။ထက်ပြီး ကလေးမအထင်လွဲစရာတွေဖြစ်မှာကို မလိုလားဘူး။...

ဒယိမ်းဒယိုင်ဖြင့်အားယူရင်း လမ်းလျှောက်နေစဉ် အနောက်ကလူတစ်ယောက်ရောက်လာခဲ့ပြီး၊ သူ၏လက်ကိုဖမ်းဆွဲလိုက်သည်။ အနောက်ကရောက်လာသည့်လူက်ို လှည့်ကြည့်တော့ ဟန်စက်နိုင်ဖြစ်နေတာမို့ သူမှာစိတ်အေးသွားရသည်။

ဟန်စက်နိုင် ဆိုင်ထဲ၀င်လာထဲက နှစ်ယောက်သားစကားထိုင်ပြောနေတာကို လှမ်းမြင်သည်။ သူအကိုကိုယ်ယုံကြည်ပြီးသာမို့ မမြင်ချင်ယောင်သာ‌ဟန်ဆောင်၍ သောက်စရာသွားမှာလိုက်သည်။ သောက်နေရင်း အ‌နောက်ကိုတချက်ပြန်လှည့်ကြည့်တော့ ဒယမ်းဒယိုင်လမ်းလျှောက်နေတဲ့ လူကိုမြင်လိုက်ရတာမို့ သူမှာဆက်ပြီးမမြင်ချင်ယောင်မဆောင်နိုင်တော့ပေ။

"ကိုကြီး...ဘယ်လိုဖြစ်တာလဲ"

"အိမ်...ပြန်ပို့ပေး..."

အနောက်မှာလက်ပိုက်၍ ရပ်ကြည့်နေသည့် နှင်းကေခိုင်ကို ဟန်စက်နိုင်လှည့်ကြည့်‌လိုက်သည်။ အခြေအနေကိုအနည်းငယ်ရိပ်မိတာမို့ဆက်မမေးတော့ပဲ အိမ်ပြန်ပို့ဖို့ကိုသာလုပ်လိုက်သည်။

"ကိုကြီး လမ်းလျှောက်နိုင်သေးလား"

ဟန်မင်းသိုက် ခေါင်းညိတ်ပြလိုက်ပြီ၊ ကားသော့ကိုဟန်စက်နိုင်ကိုလှမ်းပေးလိုက်သည်။

ဒယမ်းဒယိုင်ဖြစ်နေသည့် ဟန်မင်းသိုက်၏ခန္ဓာကိုယ်ကို ဟန်စက်နိုင်သေချာတွဲ၍ ကားရှိရာဘက်သို့ခေါ်လာခဲ့လိုက်သည်။ ဟန်မင်းသိုက်၏ကိုယ်ကြီးကို ကားထဲရောက်အောင်ထည့်ပြီး သူပါကားထဲ၀င်ထိုင်၍ ထိုနေရာမှထွက်ခွာခဲ့လိုက်သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now