[Extra]

7K 164 6
                                    

[Unicode]

"ဘယ်အချိန်ရှိပြီး ဒီသားဖတွေအခုထိမထကြသေးဘူးလား"

ခွန်းခ ကုတင်ဘေး၌ရပ်၍ ခါးထောက်ကာ၊ ဖက်အိပ်နေသည့်သားဖသုံးယောက်ကို နိုးလိုက်သည်။ ကျောင်းအချိန်နဲ့အလုပ်အချိန်ကဖင်‌ထဲ၀င်တော့မယ် အခုထိဒီသားဖသုံးယောက်က အိပ်ကောင်းနေကြတုန်းပင်။

အိပ်ပုတ်ကြီးသည့် သားဖသုံးယောက်လုံး၏အကြောကိုသိတာမို့ ခွန်းခ ခါးထောက်ကာ၊

"အခုချက်ချင်း အိပ်ယာက မထလာတဲ့လူကို ညနေကျရင်ရေခဲမုန့်ဆိုင်မခေါ်သွားဘူး။"

ခွန်းခ ပြောလိုက်တာနဲ့ မလိုက်ရမှာကြောက်သည့် ဒီးဒီက အိပ်မှုန်စုတ်ဖွားဖြင့်ဦးစွာ မျက်လုံးလေးပိတ်လျက်နဲ့ ငုတ်တုတ်လေးထထိုင်လာခဲ့သည်။

"ကဲ..နောက်တစ်ယောက် မထလာသေးဘူး‌ဆိုရင် ချစ်ကူးတို့အိမ်ကိုသွားခွင့် တစ်လတိတိပိတ်မယ်။"

ခွန်းခနောက်တခွန်းပြောလိုက်တာနဲ့ အိပ်နေသည့် ကိုကိုးက မျက်လုံးပြူးလာခဲ့ပြီး ချက်ချင်းထထိုင်လာခဲ့သည်။

ဟွန့်! သူရဲ့ဦးလေးအိမ်ကိုတော့ သွားမရမှာကြောက်သာ၊...

မောင်နှမနှစ်ယောက်သား အိပ်မှုန်စုတ်ဖွားဖြင့် မျက်လုံးလေးတွေမပွင့်တပွင့်နဲ့ အိပ်ယာပေါ်မှဆင်း၍၊ အမေဖြစ်သူ၏အနားသို့သွားကာ၊ တစ်ယောက်တလှည့် morning kiss လေးလှမ်းပေးပြီ ကုတင်ပေါ်မှဆင်းကာ၊ ရေချိုးခန်းထဲသို့၀င်သွားလိုက်ကြသည်။

"ရေချိုးခန်းထဲမှာ သတိထားပြီလျှောက်ကြနော်"

လှုပ်တုတ်၊လှုပ်တုတ်ဖြင့်ရေချိုးခန်းထဲသို့၀င်သွားသည့် ကလေးနှစ်ယောက်ကို ခွန်းခ လှမ်း၍ပြောလိုက်သည်။ ပြီးနောက် ကုတင်ပေါ်မှာအိပ်နေသည့် အိမ်ဦးနတ်ကြီးအားနိုးရန်အတွက် အနားသို့ကပ်သွားလိုက်ပြီ။

"တစ်က‌နေသုံးထိရေလို့မှ မထလာသေးရင် နောက်ရက်တွေဆိုဖာပေါ်မှာပဲအိပ်ရမယ်မှတ်!...တစ်..."

တစ်ဆိုတာနဲ့ ချက်ချင်းထထိုင်လာသည့် လူကိုကြည့်ပြီ၊ ခွန်းခ တစ်ချက်ပြုံးလိုက်မိသည်။ ချက်ချင်းဆိုသလိုမျက်နှာကိုပြန်တည်လိုက်ပြီး၊

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now