(အပိုင်း ၂)

13.7K 491 10
                                    

[Unicode]

ဟန်မင်းသိုက် ပွဲထဲ၀င်လာသည့်အချိန် မတော်တဆ စားပွဲထိုးကလေးမ တစ်ယောက်နဲ့၀င်တိုက်မိသွားသည်။ ထိုကလေးမကိုင်ထားတဲ့ ဗန်းထဲက၀ိုင်ခွက်အနည်းငယ်က သူအကျီပေါ်သို့မှောက်ကျ‌ကုန်တော့၏

ပြာပြာသလယ့်နှင့် ပါလာတဲ့လက်ကိုင်ပုဝါကိုဆွဲထုတ်၍ သူအကျီကိုခပ်သွက်သွက်လာသုပ်ပေးနေတဲ့ အရှေ့က ကလေးမကို ဟန်မင်းသိုက် သေချာစိုက်ကြည့်လိုက်မိသည်။

အမှောင်ထဲမှာတောင် လခြမ်းကွေးပမာလင်းလက်နေတဲ့ မျက်၀န်းဝိုင်း၀ိုင်းလေးတွေနှင့်ထိုမျက်၀န်းတွေ အထက်မှာရှိနေတဲ့ ရှေ့ဆံမြိတ်မညီမညာလေးတွေက မြင်ရတာတမျိုးလေး အူးယားဖို့ကောင်းနေ၏

ထိုကလေးမ သုတ်ပေးနေသည့်ပုံက သူအကျီအတွက် အကူညီမဖြစ်တဲ့အပြင် အတွင်းဘက်အထဲထိပါပို၀င်လာတာမို့၊ သူမရဲ့လက်တွေကိုဖမ်းကိုင်လိုက်ပြီ။"တော်ပြီး ဆက်မသုတ်နဲ့‌တော့"ဟုပြော၍ ထိုနေရာမှထွက်ခဲ့လိုက်သည်။

ရင်းရင်းနှီးနှီးမြင်ဖူးနေတဲ့ ထိုလခြမ်းကွေးမျက်၀န်းလေးတွေကြောင့် ရင်ဘတ်ထဲ ယားကျိကျိတော့ဖြစ်လာရသည်။

လမ်းလျှောက်နေရင်း သူရဲ့အတွေးတွေကတော့ ထိုလခြမ်းကွေးပမာ မျက်၀န်းလေးကို ပိုင်ဆိုင်ထားတဲ့ ပိုင်ရှင်ဆီမှာသာ ကျန်ရှိနေခဲ့သည်။...
______________________________

"ကြွရောက်လာကြပါ‌သော ဧည့်သည်တော်များခဗျ ယနေ့ညကျင်းပတဲ့  ဟန် Group ‌hotel ရဲ့ သားငယ်လေးမွေးနေ့...."

သူငယ်ချင်းဖြစ်သူ ဖွင့်ပွဲတက်ဖွင့်ပြီးတာနဲ့ ဟန်စက်နိုင်စင်ပေါ်‌သို့တက်ကာ မိုက်တောင်းယူပြီ ချစ်ကူးရှိရာဘက်သို့ စမတ်ကျကျလျှောက်သွား၍ ချစ်ကူး အရှေ့မှာဒူးထောက်ချလိုက်သည်။

ဟန်စက်နိုင် ချစ်ကူး၏မျက်နှာလေးကိုသေချာစိုက်ကြည့်ပြီး ပြုံးကာ။ ဘောင်းဘီအိတ်ကပ်ထဲက ဗူးသေးသေးတခုကိုဆွဲထုတ်လိုက်ပြီ၊ ဖွင့်ကာ။

"will you marry me ချစ်သော"

ဟန်စက်နိုင် ရုတ်တရက်လုပ်ချလိုက်တဲ့ လုပ်ရပ်ကြောင့် ချစ်ကူး အံဩစွာဖြင့်ကြောင်ကာရပ်ကြည့်နေမိသည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now