(အပိုင်း ၃၀)

8.2K 222 9
                                    

[Unicode]

အိမ်ကိုပြန်ရောက်လာတဲ့အထိ ကျွန်တော်စိတ်တွေက ဒီလောက်ထိအရိုင်းမဆန်သေးခဲ့ပေ။

သူမ အိမ်ပြန်လာချိန်ကိုထိုင်စောင့်နေရင်း အိမ်ရှေ့ကကားသံကြားလို့ ပြတင်းပေါက်ကနေလှမ်းကြည့်လိုက်မိတာ။ ဟိုကောင့်ကားပေါ်က‌နေ သူမ ဆင်းလာတာကိုတွေ့လိုက်ရတည်းကကျွန်တော်ဒေါသစိတ်တွေက ‌ဝုန်းဒိုင်းကြဲကုန်တော့တာပဲ၊

ငယ်ငယ်က မိသားစုဆီကရရှိခဲ့တဲ့ စိတ်ဒဏ်လေးတစ်ခုကပြန်နိုးထလာခဲ့ပြီ သူမကိုနာကျင်စေတဲ့ စကားလုံးတွေနဲ့ထိုးနှက်ခဲ့မိတယ်။ မှားနေမှန်းသိပေမယ့်လည်း သူအချိန်မှီမရပ်တန့်လိုက်နိုင်ခဲ့ဘူး။

ကျွန်တော်ကိုတခါမှမကြည့်ဖူးတဲ့ အကြည့်စူစူရဲရဲတွေနဲ့မော့ကြည့်နေခဲ့ သူမရဲ့မျက်၀န်းလေးတွေဟာ နာကျင်‌မှုတွေပြည့်နှက်နေခဲ့တယ်။ သူမ ပါးပြင်ပေါ်ကျဆင်းလားတဲ့ မျက်ရည်တွေကလည်း နာကျင်မှုတွေပြည့်နှက်နေခဲ့တယ်။

နောက်ဆုံး သူမ အံကြိတ်ရင်တစ်လုံးခြင်းဆီ နာနာကျင်ကျင် ပြောနဲ့လာသည့်စကားက၊

"တော်ပါတော့၊လူကိုဒီလောက်ပဲစော်ကားပါတော့!ခင်ဗျား၊ကျနော်ကိုမယုံကြည်ခဲ့လို့ အားလုံးကိုလိုက်စစ်ပြီးကြည့်ခဲ့ပြီးပြီမဟုတ်လား!ဘာလို့ထက်ပြီးကျနော်ဆီကဖြေရှင်းချက်တွေလာ‌တောင်းနေရတာလဲ၊ ဘာလို့လူကိုနည်းနည်း‌လေးမှယုံကြည်မှု‌မရှိရတာလဲ၊ ဟမ်!"

ဟင့်အင်း...ကိုယ်မင်းကိုမယုံကြည်ခဲ့တာမဟုတ်ဘူး။ ဟိုကောင်ကိုမယုံကြည်တာ။ မင်းကိုယ့်ကိုဒီလိုမျက်၀န်မျိုးနဲ့မကြည့်ရဘူး။...

"ခင်ဗျားထင်နေတဲ့အတိုင်းကျနော်က..."

သူ့ငါကိုထားခဲ့‌တော့မှာလား?။ ငါပြောလိုက်တဲ့စကားတွေကြောင့် သူ့ထွက်သွားတော့မှာလား?ဟင့်အင်း...သူ့ငါကိုထားသွားလို့မဖြစ်ဘူး...

နာကျင်မှုတွေပြည်နှက်နေသည့် မျက်၀န်းတွေနဲ့ သူမပြောလာတဲ့ စကားတွေကိုနား‌ထောင်နေရင်း သူမ ထားခဲ့တော့မယ်ဆိုနတဲ့၊ အတွေးတွေကလွှင့်မျောလာခဲ့သည်။

သူမစကားတွေမဆုံးခင်မှာ ကိုယ့်ကိုယ်ကိုယ် မထိန်းချုပ်လိုက်နိုင်တဲ့ တခဏ‌လေးအတွင်းမှာပဲ မလုပ်သင့်တဲ့လုပ်ရပ်တစ်ခုကိုစတင်၍လုပ်လိုက်မိပြီ။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now