(အပိုင်း ၁၅)

9.5K 298 10
                                    

[Unicode]

ဖြန်း!

ထည်ဝါလှသည့် ရွေရောင်ဧည့်ခန်းအကျယ်ကြီးထဲမှ ဟိန်း!ခနဲထွက်ပေါ်လာသည့်အသံ၊

ထက်ပြီးအရိုက်ခံရပြီထင်၍ မျက်လုံးတွေကို အသေမှိတ်ထားလိုက်မိသည်။ သို့သော် သူ ထင်သလိုမဖြစ်လာခဲ့‌ပေ၊ ရိုက်လိုက်တဲ့အသံကိုသာကြားလိုက်ရပြီ နာကျင်မူကတော့ပါးပြင်ဆီသို့ ရောက်မလာခဲ့ပေ။ မျက်လုံးတွေကိုဖွင့်ကြည့်လိုက်တော့ မြင်လိုက်ရတာက သူကိုကာကွယ်ပေးထားသည့် နောက်ကျောပြင်တစ်ခုသာ။

{လွန်ခဲ့သော မိနစ် 10 ခန့်က}

ထားမေဆိုသည့် အလုပ်သမားကောင်မလေးက ခြံထဲကိုကား၀င်လာတဲ့သံကြားလိုက်ရတာနဲ့ အိမ်ရှေ့ထွက်ကြည့်ပြီ၊ အသံကျယ်ကျယ်ဖြင့်အိမ်ပေါ်ထပ်သို့ပြေးတက်ကာ။

"‌မေမေကြီး!မေမေကြီး!အကိုကြီးတို့ပြန်ရောက်လာပြီး"

ထားမေ အသံကကျယ်တာမို့ ချစ်ကူးသောနဲ့ဟန်စက်နိုင်ကပါ အောက်သို့အပြေးဆင်းခဲ့‌ကြသည်။

ဒေါ်မေမြတ်ဟန် အပေါ်ထပ်ကဆင်းလာရင်း ဧည့်ခန်းထဲမှာမြင်လိုက်ရသည့်မြင်ကွင်းကြောင့် မနေ့ထဲကမျိုသိပ်ထားသမျှဒေါသတွေအကုန်လုံးထွက်ကျလာခဲ့၏

နင်က ငါအိမ်ထဲအထိပါလိုက်လာရဲတယ်ပေါ့လေ ယုခွန်းခ...

ဒေါ်မေမြတ်ဟန် ဧည့်ခန်းထဲ၀င်သို့၀င်လာတာနဲ့ ဟန်မင်းသိုက် လည်ပင်ကအရာကိုတွေ့လိုက်ရပြီး ဒေါသများကနှစ်ဆဖြစ်သွားရသည်။

ဒါလား...မမြူဆွယ်ထားတာ။...

ခွန်းခရှိရာဘက်သို့ ဒေါသမျက်၀န်း‌တွေဖြင့် လျှောက်လာ၍ ၀တ်ထားသည့် လက်စွပ်ရဲ့အပြင်ဘက်ကစိန်ကိုအတွင်းဘက်လှည့်ထည့်လိုက်ကာ၊ ပါးကိုအားပြင်းပြင်းနဲ့တချက်ရိုက်ချလိုက်သည်။

ရုတ်တရက်ကြီး ရိုက်ခံလိုက်ရ‌တာ‌မို့ ခွန်းခ တကိုယ်လုံးတုန်ယင် သွားရသည်။ ချက်ချင်းဆိုသလို ပါးပြင်ပေါ်ကနာကျင်မှု‌ကြောင့် မျက်ရည်များပင်ဝေ့တက်လာခဲ့သည်။

နောက်တချက်ပြန်ရိုက်ဖို့လုပ်သည့်အချိန်မှာ ကြောက်စိတ်ကြောင့်မျက်လုံးတွေကိုသာမှိတ်ထားလိုက်မိ၏ အရှေ့က၀င်ကာလိုက်တဲ့လူရှိတာကြောင့် ဒုတိယ တချက်ကတော့ သူရဲ့ပါးပြင်ဆီကို မရောက်လာခဲ့ပေ။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now