(အပိုင်း ၄၁)

7.7K 188 25
                                    

[Unicode]

ဆေးရုံကားတွေရဲတွေနှင့်အတူမိုးမြင့် ရောက်လာခဲ့လို့ ဟန်မင်းသိုက်နဲ့နှင်းကေခိုင်ကို ဆေးရုံပို့နိုင်ခဲ့ပေမယ့် နှစ်ယောက်လုံး အခြေအနေတွေစိုးရိမ်နေရသည်။

အကျီနှင့်ဘောင်းဘီ‌ပေါ်မှာ သွေးများပေကျန်နေလျက်အတိုင်းသာ ခွန်းခ ခွဲစိတ်ခန်းအရှေ့မှာ ထိုင်စောင့်နေမိသည်။

ခွန်းခ ထိုင်စောင့်နေတာ အခုဆိုတစ်နာရီရှိပြီ။ သူနာပြု‌တွေတစ်ယောက်ပြီးတစ်ယောက် ခွန်းခ၏ဒဏ်ရာကိုဆေးလာထည့်ဖို့ လာပြောနေကျပေမယ့်လည်း ဂရုမစိုက်နိုင်သေးပေ၊ အခုချိန်ထိအထဲကလူရဲ့ အခြေအနေကို ဘာတစ်ခုမှမသိရသေးတာမို့ ရင်ထဲမှာမီးလောင်တိုက်သွင်းခံထားရသလို ပူလောင်နေတာမှလွဲ၍ ကျန်တာသူဘာမှမခံစားမိ။

ခဏကြာတော့ ချစ်ကူးနဲ့ဟန်စက်နိုင်တို့ ဆေးရုံကိုရောက်လာခဲ့ကြသည်။ ခွဲခန်းအရှေ့မှာ သွေးတွေပေကျ‌န်နေ့သည့်အ၀တ်အစားများနှင့် ထိုင်နေတဲ့ ခွန်းခကိုမြင်လိုက်ရတော့ ချစ်ကူးမျက်ရည်များဝေ့တက်လာခဲ့၏

ချစ်ကူးကိုမြင်တာနဲ့ ခွန်းခ ထိန်းထားသည့် မျက်ရည်တွေကလည်း အနှိုင်းမဲ့စွာကျဆင်းလာခဲ့သည်။

ချစ်ကူး ခွန်းခရဲ့အနားမှာ၀င်ထိုင်လိုက်ပြီ။ ဖက်၍ ခွန်းခ၏ကျောပြင်လေးကိုခပ်ဖွဖွပွတ်သပ်ပေးရင်း။

"အဆင်ပြေသွားမယ်။ ကိုကြီးဟန်မင်းသိုက် ဒီအရာကိုကျော်လွှားသွားနိုင်မှာသေချာတယ်။"

တစ်နာရီလောက် ခွန်းခ ထိန်းချုပ်ထားတဲ့ငိုချင်တဲ့စိတ်တွေကလည်း အခုမှအကုန်ပွင့်ထွက်လာခဲ့၏ ကလေးတစ်ယောက်လို ချစ်ကူး၏ပခုံးပေါ် နေရာယူ၍ငိုနေမိသည်။

ချစ်ကူးတို့နှင့်အတူအရှေ့ဆင့်နောက်ဆင့် ဒေါ်မေမြတ်ဟန်နှင့်ဒေါ်ယမင်းနွယ်တို့ကပါ ဆေးရုံးကိုရောက်လာခဲ့ကြသည်။

ဒေါ်မေမြတ်ဟန်က ခွန်းခကို မည်သည့်စကားမှမပြောပဲ ခွန်းခရဲ့အနားမှာသွားထိုင်၍ ခွန်းခ၏ပခုံးလေးကို ခပ်ဖွဖွလေးပုတ်ပေး၍ နှစ်သိမ့်ပေးလေသည်။

သူကြောင့်ဖြစ်ရတယ်ဆိုတဲ့စိတ်ကြောင့် ခွန်းခ ဒေါ်မေမြတ်ဟန်ကိုတောင် မျက်လုံချင်းဆုံအောင်မကြည့်ရဲသေးပါ။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now