(အပိုင်း ၂၈)

7.2K 204 6
                                    

[Unicode]

မနေ့ကကိစွနဲ့ပက်သက်ပြီ အညိုကအတော်လန့်သွားတယ်ထင်ပါရဲ့၊ ချစ်ကူးသွားလည်ဖို့စီစဉ်ထားကို လိုက်မလားမေးတော့ မလိုက်တော့ဘူးဟုသာပြောလာခဲ့သည်။

ခွန်းခလည်း နေမပျော်တာကြောင့် ချစ်ကူးတို့နဲ့မလိုက်ဖြစ်ပေ။ ထို့ကြောင့်ချစ်ကူးက အပြင်သွားလည်ဖို့အစီစဉ်တွေကိုဖျက်လိုက်ပြီ၊ အိမ်မှာသာအေးဆေးမုန့်လုပ်စားဖို့သာ စီစဉ်လိုက်ကြသည်။ မနက်ပိုင်း မုန့်လုံးရေပေါ်လုပ်စားပြီ၊ ညဘက်ကျရင် အကင်ကင်စားဖို့စီစဉ်ထားလေသည်။

အားလုံးကိုယ်ဆီတာ၀န်တွေခွဲ၍ အလုပ်လုပ်နေကျပေမယ့်၊ ဦးဟန်...ကတော့ မနက်ဖြန်ပြန်ရ‌တော့မှာမို့ တနေကုန် ခွန်းခ၏အနားမှာကော်နဲ့ကပ်ထားသလို လိုက်ကပ်နေတော့သည်။

အခုလည်း ခွန်းခ အနောက်မှာအညိုတို့နဲ့ မုန့်လုံးရေပေါ်ထိုင်လုံးနေတာကို ဇွတ်အတင်းအနားမှာလာကပ်ထိုင်၍ တိုးတိုးကပ်ပြီ၊ အခန်းထဲခဏလိုက်ခဲ့ပါဆိုပြီအတင်းလာခေါ်နေပြန်သည်။ ခွန်းခတက်နိုင်သမျှလျစ်လျူရှုပြီ အလုပ်ကိုသာဆက်လုပ်နေလိုက်သည်။ ဒါလဲဦးဟန်မင်းသိုက်တို့က လက်မလျော့သေးပေ။

"ခဏပဲနော် နော်! နော်! နော်!"

အနားကပ်ပြောနေသည့် ဟန်မင်းသိုက်ကို ခွန်းခမျက်စောင်းထို၍ ဟန်မင်းသိုက်တစ်ယောက်တည်းကြားနိုင်လောက်မယ့်အသံပမာဏနဲ့ပြန်၍ပြောလိုက်သည်။

"ဘယ်လိုဖြစ်နေတာလဲ ဦးဟန်...၊ ဒီမှာအလုပ်နေတယ်လေ လာမနှောက်ယှက်နဲ့"

ဟန်မင်းသိုက်၏ တားလေပိုလုပ်‌လေဆိုသည့် အကျင့်အတိုင်း ခွန်းခပြောလိုက်တာနှင့်ချက်ချင်း မတ်တပ်ထရပ်လိုက်သည်။

"ယမော်ညိုနဲ့ချစ်ကူး အကိုမင်းတို့သူငယ်ချင်းကို အပေါ်ခဏခေါ်သွားမယ်နော်"

ခွန်းခ ချက်ချင်းဆိုသလို မတ်တပ်ထရပ်လိုက်ပြီ၊ ဟန်မင်းသိုက်၏လက်ကိုဆွဲချကာ၊

"ဦးဟန်မင်းသိုက်!ဘယ်လိုဖြစ်နေတာလဲ အလုပ်လုပ်နေပါတယ်ဆို"

ချစ်ကူးမုန့်လုံး၊လုံးနေရင် အရှေ့ကအမြင်‌ကပ်ရလောက်အောင်၊ ကွစိကွစိလုပ်နေသည့်‌နှစ်ယောက်ကိုကြည့်ပြီ၊

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now