(အပိုင်း ၂၅)

8.3K 240 30
                                    

[Unicode]

အိပ်နေရင်းအတော်ကြာလာတော့ ခွန်းခ၏ခန္ဓာကိုယ်တခုလုံးလေးပင်လာခဲ့၏ တစ်ချက်တစ်ချက်‌ ဝေ့တက်လာသည့်စီးကရက်အနံ့နဲ့အရက်အနံ့တွေက နှာခေါင်းအတွင်းထဲအထိပါမွှန်ထူလာခဲ့သည်။ တဖြည်းဖြည်း လည်ပင်နဲ့ရင်ဘတ်တဝိုက်မှာလည်း နာစပ်စပ်ကြီးဖြစ်လာတာကြောင့် မျက်လုံးတွေကိုအားယူပြီး ဖွင့်ကြည့်လိုက်တော့၊ အမှောင်ထဲမှာဝါးခနဲ!ပေါ်လာသည့် မျက်နှာကြောင့်လန့်ဖြန့်ကာ၊ ယောင်ယမ်းပြီ ပါးတချက်အရင်ရိုက်ထည့်လိုက်မိသည်။

ဖြန်း!

"ဟ!"

ခွန်းခ၏ရိုက်ချက်ကြောင့် ဟန်မင်းသိုက် အမူးပါနည်းနည်းပြေသွားရသည်။

"ဖယ်...ဦးဟန်မင်းသိုက်!ဒါဘာလုပ်တာလဲ!"

"အပြစ်ပေးနေတာ နောက်ဆို...ဒီလိုတွေမ၀တ်ရအောင်

ဝေါ့!

တဖက်ကစကားပြောနေရင်းရလာသည့် ရောထွေးနေ့တဲ့ အနံ့တွေကြောင့် ခွန်းခရင်ထဲပျို့အန်ထွက်မတတ်ဖြစ်လာခဲ့၏

"မူးမူးရူးရူးနဲ့ ကျနော်ကိုယ်အပေါ်ကဖယ်!ဒီမှာ...အန်ထွက်တော့မယ်...ဝေါ့"

"မဖယ်ဘူး ကိုယ်မ‌မူးဘူး။ နည်းနည်းပဲသောက်ခဲ့တာ"

ဒီအမူးသမားနဲ့တော့ သေသာသေလိုက်ချင်တယ်။...

"မမူးဘူးဆိုလဲဖယ်!အန်ချင်နေပြီ၊"

"ဟင်!နေမကောင်းဘူးလာ၊ ကလေး"

"မဟုတ်ဘူး ခင်ဗျားပါးစပ်ကအနံ့တွေကြောင့် ဖြစ်နေတာ မြန်မြန်ဖယ်စမ်းပါ!"

ခွန်းခ ဟန်မင်းသိုက်၏ကိုယ်ကြီးကိုဖယ်လိုက်ပြီ ရေချိုးခန်းထဲသိုပြေး၀င်သွားလိုက်ပြီ တံခါးကိုလော့ချထားလိုက်သည်။ ဟန်မင်းသိုက် အနောက်ကလိုက်၀င်ဖို့လုပ်ပေမယ့် ၀င်မရတော့ပေ။

ရေချိုးခန်းထဲရောက်လာတော့ ပျိုအန်ချင်တဲ့စိတ်တွေက မရှိတော့ပေ။ ဒီရက်ပိုင်း ဘာဖြစ်လို့ဖြစ်နေမှန်းကိုမသိဘူး။ ဘာကိုမှလည်း စိတ်ထဲမှာစိတ်တိုင်းကျမနေဘူး။ ရာသီလာရက်များနီးနေလို့ပဲလားတော့မသိ။...ဟူးး..

ခွန်းခ အတွေးတွေကိုရပ်တန့်လိုက်ပြီ မျက်နှာသစ်လိုက်သည်။ မျက်နှာသစ်ပြီး မှန်ထဲကကိုယ့်ပုံရိပ်ကိုပြန်ကြည့်လိုက်တော့ လူမြင်လို့မကောင်းသည့် အနီရောင်အရာတွေကလည်ပင်နဲ့ရင်ဘတ်ပေါ်မှာပြည့်နှက်နေ၏

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now