(အပိုင်း ၉)

9K 256 15
                                    

[Unicode]

သန်းခေါင်ယံအချိန်ရောက်တော့ ခွန်းခကိုဆရာ၀န်များ ခွဲစိတ်ခန်းထဲသို့ခေါ်သွားကြသည်။ ခွဲခန်းအရှေ့မှာ‌စောင့်နေတဲ့ ဟန်မင်းသိုက်ကတော့ စိတ်အေးစွာမထိုင်နိုင်ပဲ ရသမျှဘုရားစာတွေရွတ်၍ ဟိုဘက်လျှောက်ဒီဘက်လျှောက် လုပ်နေတော့သည်။

ခဏကြာတော့ ဟန်မင်းသိုက် လမ်းလျှောက်နေတဲ့ အနားကခုံမှာ ခပ်ရိုးရိုးကောင်လေးတစ်ယောက်လာ၀င်ထိုင်၏ ထိုကောင်လေးက သူကိုပြုံးပြတော့ သူလည်းကြောင်တောင်တောင်နဲ့သာပြန်ပြုံးပြလိုက်မိသည်။

ထိုကောင်လေးက ဂနာမငြိမ်နေတဲ့ ဟန်မင်းသိုက်ကို ကြည့်ရင်းစကားစပြောလာခဲ့၏

"တစ်ဦးကလေးလားဗျ"

ဟန်မင်းသိုက်နားမလည်စွာဖြင့် ထိုကောင်လေးကိုပြန်မေးလိုက်သည်။

"ဘာကိုပြောတာလဲမသိ"

"အော်...ကျွန်တော်မေးတာက ခင်ဗျားမိန်းမ ပထမဦးဆုံးကလေးမွေးတာလားလို့ ခင်ဗျားပုံကအထဲကမိန်းမကိုအရမ်းစိတ်ပူ‌နေတဲ့ပုံပေါက်နေလို့"

သူ့ပုံက အဲလိုပုံမျိုးဖြစ်ကိုဖြစ်နေပြီတဲ့လား...တွေးရင် ဟန်မင်းသိုက် ပြုံးလိုက်မိ၏

"မိန်းမတော့မဟုတ်သေးဘူး။ ကိုယ့်ရဲ့ကောင်မလေး အူအတက်ပေါက်လို့ခွဲခန်း၀င်နေရတာ။"

"အော်...ကျွန်တော်က ခင်ဗျားအရမ်းစိတ်ပူနေတဲ့ပုံကိုကြည့်ပြီး ခင်ဗျားမိန်းမ ကလေးမွေးတယ်ထင်နေတာဗျ"

ထိုကောင်လေးစကားကြောင့် ဟန်မင်းသိုက် သဘောကျစွာရယ်လိုက်မိလေသည်။

အချိန်အတော်ကြာတဲ့အထိ ထိုကောင်လေးနဲ့စကားပြောနေမိသည်။ ထိုကောင်လေး‌ကလည်းသူ့မိန်းမကလေးမွေးလို့ လာစောင့်နေတာတဲ့ သူ့လည်းစိတ်လှုပ်ရှားနေတဲ့ပုံပဲ ပြောလိုက်တဲ့စကားတွေများလွန်လို့ ကျွန်တော်တောင် လိုက်လို့မမှီဘူး။

အချိန်အ‌တော်ကြာမှ ခွဲခန်းထဲကဆရာ၀န်များထွက်လာခဲ့ပြီး စိုးရိမ်စရာမရှိတော့ဘူးပြောကာမှ ဟန်မင်းသိုက် အသက်ဖြောင့်ဖြောင့်ရှုနိုင်တော့သည်။ အနားကထိုကောင်လေးကိုနှုတ်ဆက်ပြီး ခွဲခန်းထဲကထွက်လာတဲ့ခွန်းခနဲ့အတူ အခန်းဆီသို့ပြန်ခဲ့လိုက်သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now