(အပိုင်း ၅)

10.2K 307 15
                                    

[Unicode]

ဘာလိုလိုနဲ့အချိန်ကတပတ်ပြည့်သွားခဲ့ပြီ အဲညကစပြီး မော်ဦးကို ထက်မတွေ့ရတော့တာ ဒီနေ့ထိပဲ။ ဒါကသူအကျင့်ပဲလေ အဲလိုဖြစ်ပြီးရင် တလလောက်ပျောက်ရင် ပျောက်သွားတတ်သေးတယ်။

ဒီကြားထဲမှာ မော်ဦးနဲ့သာမတွေ့ဖြစ်တာ ချစ်ကူးတို့ပွဲ‌ကြောင့် ဟိုလူကြီးနဲ့ကတော့ နေ့ရောညပါ နေတိုင်းတွေ့‌နေရတာ။ ပုံမှန်တွေ့နေရတော့ ပြန်ပြီးရင်းနှီးလာခဲ့ကြတယ်။

လူကိုတွေ့တိုင်းစနောက်တက်တဲ့ အဲလူကြီးရဲ့အကျင့်ကို မကြိုက်တာကလွဲလို့ ကျ‌န်တာအားလုံးတော့အဆင်ပြေသည်။

တပတ်စီစဉ်လာခဲ့ပြီးနောက်မှာတော့ ချစ်ကူးသောနဲ့ဟန်စက်နိုင်တို့ လက်ထပ်မယ့်နေ့လေကိုရောက်ရှိလာခဲ့ပြီးသည်။

ကိုယ့်ဘာသာကိုအလှပြင်နေရင် ဒီတသက်ပွဲတက်ရမှာမဟုတ်ဘူးဆိုတာကို ချစ်ကူးကသိနေတာကြောင့်၊ သူအိမ်မှာခေါ်ထားတဲ့ မိတ်ကပ်ပြင်ဆရာနဲ့လာပြင်ခိုင်း၏ ထိုကြောင့် ခွန်းခ အစောကြီးထ၍ ချစ်ကူးတို့အိမ်ဘက်ကိုရောက်လာခဲ့သည်။

မနက် 5 နာရီခွဲထဲက ပြင်လိုက်တဲ့အလှဟာ အခုမနက် 6 နာရီခွဲမှ ပြီးသွားတော့သည်။ အလှပြင်ပြီးတာနဲ့ ချစ်ကူး၀ယ်ထားပေးတဲ့ မြန်မာ၀မ်းဆက်နီညိုရောင်လေးကို အထက်အောက်တင်တူ၀တ်၍ အပြင်သို့ထွက်ခဲ့လိုက်သည်။

အမြဲပေါ့ပေါ့ပါးပါးတွေသာ ၀တ်တတ်သည့် ခွန်းခအတွက် ဒီ၀တ်စုံတကယ်မပေါ့မပါးဖြစ်စေသည်။

ထမီ‌တောင် ကောင်းကောင်းနိုင်အောင်မ၀တ်တတ်တဲ့ ခွန်းခအတွက် ချစ်ကူးက တကူးတကချိတ်ထမီမှာထားပေးလို့ အတော်ကိုကျေးဇူးတင်ရမည်။ ထမီနဲ့သာဆို ခွန်းခဒီနေ့ အရှက်ကွဲမှာအသေချာပင်၊

ချစ်ကူးနဲ့မေကူးက ခွန်းခကိုတွေ့တာနဲ့ လှတယ်ဆိုတဲ့စကားကို ပါးစပ်ဖျားကမချတော့ပေ၊ အိမ်ထဲကလူတွေအားလုံး၀ိုင်းပြီ ချီးမွန်းနေကြတော့ ခွန်းခလဲနေရခက်လာသည်။

ထိုကြောင့် ချစ်ကူးနဲ့အတူ အောက်ထပ်ကိုမြန်မြန်ဆင်းလာခဲ့လိုက်သည်။ အောက်ထပ်ကိုရောက်တာနဲ့ အရင်ဆုံးတွေ့လိုက်ရတဲ့ လူကဟိုလူကြီးပင်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now