(အပိုင်း ၁၂)

9.9K 250 8
                                    

[Unicode]

{ဤအပိုင်းတွင် ပါ၀င်သည့် တချို့အရာများက အတုယူရန်မသင့်ပါ။}

ချစ်ကူးနဲ့ ဖုန်းပြောပြီးကတည်းက ထိုင်ငိုနေတာ။ အချိန်အတော်ကြာတဲ့အထိပင်။ ဘယ်လောက်ထိလိုက်မှန်း ကိုယ့်ကိုယ်ကိုယ်တောင် သတိမထားလိုက်မိပေ။ အလုပ်သွားရတော့မည့်အချိန်ရောက်လာမှ မှန်ကြည့်လိုက်တာ။ မျက်လုံးတွေတောင်မို့အစ်ဖောင်းကာနေလို့ပင်။

ဒီလိုပုံမျိုးနဲ့ဘယ်သူကိုမှမတွေ့ချင်တာကြောင့် လျှာထိုးဦးထုပ်ကို ခပ်ငိုက်ငိုက်စောင်း၍ အလုပ်သွားရန်အတွက် အိမ်မှထွက်ခဲ့လိုက်သည်။ အခုချိန်မှာစက်ဘီးလဲ မနင်းနိုင်တာကြောင့် စက်ဘီးကိုထားခဲ့ပြီ လမ်းလျှောက်၍သာထွက်ခဲ့သည်။

လမ်းလျှောက်နေရင်း အိမ်ရှေ့အကျော်နားလောက်ကနေ လမ်းထိပ်ထွက်တဲ့အထိ အနောက်ကနေလိုက်၍ တဟွန်း!ဟွန်း!တီးနေတဲ့ ကားကြောင့် ခွန်းခ ဒေါသများငယ်ထိပ်ထိရောက်လာခဲ့သည်။

လမ်း‌ဖယ်ပေးတော့လည်းမသွား ကိုယ်ရပ်လိုက်တော့လည်း သူကလိုက်ရပ်နဲ့ နောက်ဆုံးသည်းမခံနိုင်တဲ့အဆုံး အနောက်ကိုပြန်လှည့်၍ တဟွန်း၊ဟွန်း၊လိုက်တီးနေတဲ့ ကားဘေးမှန်ကို တဒုန်းဒုန်းထုကာ။ ကားမှန်ကိုချခိုင်းလိုက်သည်။

ကားမှန်ချလိုက်တာနှင့်အပြုံးနဲ့ပေါ်လာသည့် မျက်နှာကြောင့် ခွန်းခ ဘာမှဆက်မပြောတော့ပဲ တောက်! တချက်သာခေါက်၍ ထိုနေရာမှ ပြန်လှည့်ထွက်လာလိုက်သည်။

ဟန်မင်းသိုက် ကားကို‌လမ်းဘေးမှာထိုးရပ်လိုက်ပြီး ကားပေါ်မှဆင်း၍ ခွန်းခ၏အနောက်ကိုအမှီလိုက်ကာ။ အနောက်ကနေလက်ကိုဆောင့်ဆွဲလိုက်သည်။

ခပ်ငိုက်ငိုက်စောင်းထားသည့် ဦးထုပ်ကိုဆွဲချွတ်လိုက်တော့ လခြမ်းကွေးပမာလင်းလက်နေတဲ့ မျက်၀န်းလေးတွေက မို့အစ်နေတာကိုမြင်လိုက်ရ၏

"ခင်ဗျား ဘာလုပ်တာလဲ လွှတ်!"

"ကိုယ်နဲ့ခဏလိုက်ခဲ့"

"မလိုက်ဘူး!လွှတ်!"

"ကိုယ်ပြောစရာရှိလို့ ခဏပဲလိုက်ခဲ့"

"လွှတ်!မလိုက်ဘူး။ ခင်ဗျားနဲ့ဘာမှပြောစရာမရှိဘူး။!"

"ကျစ်! မင်းမလိုက်ရင် ကိုယ်ဒီနေရာမှာတင် မင်းနှုတ်ခမ်းကိုပေါက်ထွက်သွားအောင် နမ်းပစ်မှာ‌နော်"

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now