(အပိုင်း ၃၁)

7.3K 195 19
                                    

[Unicode]

ဒီနေ့က ဟိုဘက်အိမ်မှာပြောင်းနေကြမှာမို့ ခွန်းခက အစောကြီးထကာ၊ တဖက်ခြံထဲကိုအရင်သွားနှင့်လိုက်သည်။ ဟန်မင်းသိုက်ကတော့ အခုမှရေမိုးချိုး၍ ပေါ့ပေါ့ပါးပါးဖြစ်စေမည့် အကျီဘောင်းဘီအမြန်ကောက်စွတ်ကာ၊ ကွန်ပျူတာအိတ်ဆွဲလေး၍တဖက်အိမ်သို့ရောက်‌လာရှိခဲ့သည်။

ခြံထဲ၀င်လိုက်တာနဲ့ အိမ်ရှေ့မှာ တံမြက်စည်းလှဲနေသည့် ခွန်းခကို လှမ်းတွေ့လိုက်ရတာနှင့်ဟန်မင်းသိုက် အမြန်ပြေး၀င်သွား၍ ခွန်းခ၏လက်ထဲကတံမြက်စည်းကို ဆွဲယူလိုက်ပြီ။

"ကိုယ်လုပ်မယ်။ ကိုယ့်ရဲ့စုဗူးလေးက အေးအေးဆေးဆေး အိမ်ထဲမှာသွားထိုင်နေ"

ခွန်းခ မျက်စောင်းတချက်ထိုးချလိုက်ပြီ၊ အိမ်ထဲသို့လှည့်၀င်သွားလိုက်သည်။

စိတ်ဆိုးနေတာကြောင့် မနေ့ကတည်းကပြန်မပြော၊နား‌မထောင်အရေးမလုပ်ပဲနေ နေတာကို သိသိရက်နဲ့ မျက်နှာပြောင်တိုက်ပြီ။ အနားကိုဇွတ်လိုက်ကပ်တယ်။ ပြီး‌တော့ လူရှေ့သူရှေ့မရှောင်'ကိုယ်ရဲ့စုဗူးလေး'ဆိုပြီ လူကြားမကောင်းအောင် အနောက်က‌နေလိုက်ခေါ်တယ်။ တကယ့်အရှက်ကိုမရှိဘူး...တကယ်ဘယ်လိုလူမှန်းကိုမသိဘူး...

ဟော!ပြီးတော့ လူကိုယ်မပြောမ‌ဆိုနဲ့ 'ကလေးကဒီအိမ်မှာလာနေမယ်ပြောထားလို့ ကိုယ်မနေ့တည်းက ဆိုဖာတွေနဲ့ကုတင်တစ်လုံး အသစ်မှာထားလိုက်သေးတယ်တဲ့'၊ စိတ်ပေါက်ပေါက်နဲ့'ဘယ်သူကမှာခိုင်းလို့လဲမေးတော့'၊'ကလေးဗိုက်နဲ့သက်သောင့်သက်သာထိုင်လို့၊အိပ်လို့ရအောင်ကိုယ်၀ယ်ပးတာတဲ့' ပိုက်ဆံဖြုန်းတာ မကြိုက်မှန်း သိသိရက်နဲ့ အဲလိုတွေလုပ်တာ။ ပစွည်းတွေကလည်း ဘယ်ချိန်တည်းကရောက်နေမှန်းမသိ၊ မနက်ရောက်လာတော့ပစွည်းတွေကအားလုံးနေရာတကျဖြစ်နေပြီ၊ သူများအိမ်ကို မပြောမဆိုနဲ့ သူကိုယ်တိုင်နေရာချထားဟုတ်နေရော၊

အရင်က အမေထိုင်နေကျပက်လက်ကုလားထိုင်ခုံလေးကိုတော့ ဘယ်နေရာမှမရွေ့ပဲ အရင်နေရာလေးမှာတင် ထားထားပေးတာကိုပဲ ကျေးဇူးရတင်မယ်။ ဒီထိုင်ခုံကိုပါ‌ထိလို့ကတော့ ရန်ဖြစ်ရမှာအသေချာပင်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now