(အပိုင်း ၃၅)

7.2K 179 11
                                    

[Unicode]

နောက်တနေ့ည၌ ၊ မိုးဦးအခါမို့ မနက်ပိုင်းရွာထားသည့်မိုးအရှိန်ကြောင့် ညပိုင်းရောက်ရင်နေရာတိုင်းနီးပါးဆိုစိစိဖြစ်၍ပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်သက်နေပြီ အအေးဓိတ်များရိုက်ခတ်နေ၏

ဘေးပတ်ဝန်းကျင်တစ်ခုလုံးတိတ်ဆိတ်ငြိမ်‌သက်နေပေမယ့် အခန်းတခန်းထဲမှာတော့ ဂစ်တာသံလေးနဲ့သီချင်းဆိုသံလေးက တီးတိုးစွာပျံလွှင့်နေလေသည်။

🎶ကြယ်စင်တွေခရီးထွက်သွားတဲ့ မှောင်မိုက်ခြင်းနဲ့ည
တစ်ယောက်တည်းကိုယ်ဘ၀မှာ သူ့အလင်း...

လေပြေငယ်တိုက်ခိုက်ခတ်ရင်းနဲ့ ညခင်းတစ်ခုရဲ့အလှ
သူဖြည့်ဆည်းပေးမှသာ ပြည့်လိမ့်မယ်...

နေရောင်ခြည်တောက်ပဦးမှ ဒီဘ၀သိပ်လှမယ်
အပြင်မှာတိမ်မဲမိုးသားတို့ ဖျက်ဆီး...

သူလာရင်နွေးထွေးခြင်းနဲ့သူ့အလင်းမျှလိမ့်မယ်
ကိုယ်ဟာတစ်ယောက်တည်း လောကအလယ်ပြည့်စုံပြီ...

သူ့အချစ်ကသိပ်လိုတယ်...အားနည်းချက်များကို
အရာရာဖြည့်ဆည်းဖို့...

လူ့ဘ၀ကသိပ်တိုတယ်...အားလုံးတော့မပြည့်စုံနိုင်
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့သဘော...2×

ဟိုးတုန်းက အမှောင်ယံညများ၊ ဟိုးတုန်း ‌အမှောင်နေများ
အထီးကျန်တာမေ့ထားဖို့ သူ့ဖြည့်ပေး...
ကိုယ့်အတွက်တော့ သူဟာအချိုဆုံးတေး...
သိမ်ငယ်စရာ ပြန်မာန်တင်းပေး...

သူ့အချစ်ကသိပ်လိုတယ်...အားနည်းချက်များကို
အနားသတ်ပေးသူ...

လူ့ဘ၀ကသိပ်တိုတယ်...အားလုံးမရ စိတ်ဓာတ်ကျ
အချစ်စစ်ဟာ သူပေးတဲ့ အချစ်ရဲ့သဘော...2×🎶

သီချင်းသံလေးဆုံးသွားတာနဲ့ ခွန်းခ လက်ခုပ်လေးတီးလိုက်သည်။ ဟန်မင်းသိုက် ပြုံး၍ ခွန်းခ၏ခေါင်းလေးကိုပုတ်လိုက်၍၊ ဂစ်တာလေးအား ဆိုဖာပေါ်သို့သွားထားလိုက်ပြီးနောက် ကုတင်ပေါ်တက်လာခဲ့ပြီ ခွန်းခ၏ကိုယ်လေးကို ရင်ခွင်ထဲထည့်ကာ အိပ်ဆက်ဖို့ပြင်လိုက်သည်။

သီချင်းနားထောင်ပြီးရင် အိပ်မယ်လို့ ကတိပေးထားတဲ့ မဗိုက်လေးကတော့ သီချင်းပြီသွားတာတောင်မအိပ်သေးပဲ၊ ရင်ခွင်ထဲကနေ လှုပ်စိစိလုပ်နေပြန်သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now