(အပိုင်း ၁၉)

7.2K 224 16
                                    

[Unicode]

"ဘာာာ!ကွားရှင်းမယ်။"

"‌ဖြည်းဖြည်းအော်ပါ။ ခွန်းခရယ် ငါလန့်တောင် လန့်တယ်။"

"အေးပါ။ နင်ကရုတ်တရက်ကြီးပြောလာတော့ ငါနည်းနည်းလန့်သွားလို့၊ ဘယ်လိုဖြစ်ရတာလဲ ပြောပါဦး"

"ဘာဖြစ်ရမှာလဲ မိုးယံဆိုတဲ့အကောင်နိုင်ငံခြားကပြန်လာတာကို သူကတကူးတက သွားတွေ့တာတဲ့၊ သူ့အသိဆုံး ငါအဲကောင်ကိုဘယ်လောက်ထိမုန်းနေလဲဆိုတာကို"

"ဟင်!မိုးယံဆိုတာ ငါတို့သိတဲ့မိုးယံလား"

"အင်း...ဟုတ်တယ်။"

မိုးယံဆိုတာက ခွန်းခတို့အဖွဲ့နဲ့ငယ်ငယ်လေးထဲက ရန်ဖက်တွေပါ။ ခွန်းခတို့သုံးယောက်ကိုတွေ့တာနဲ့ အမြဲရန်လိုနေတတ်တဲ့အကောင်ဆိုလဲမမှားပေ၊ ချစ်ကူးနဲ့ပက်သက်ပြီ အဲကောင်က သိပ်မူမမှန်တာ ဟိုးအရင်ကတည်းက၊ နိုင်ငံခြားထွက်သွားတာကြာပြီးလို့ကြားထားတာ အခုဒင်းက ဘယ်ကဘယ်လိုပြန်ရောက်လာမှန်းလဲမသိ၊

" ဒါနဲ့ နင်ကအဲတာကို ဘယ်ဘယ်လိုသိတာလဲ"

"‌အဲကောင်က igမှာ၊ ငါ့လူကို tag တွဲပြီးပုံတင်ထားတာ"

"စက်နိုင်က တကူးတက‌သွားတွေ့တာမျိုးတော့ မဟုတ်လောက်ပါဘူး။ အလုပ်ကိစွရှိလို့သွား‌တွေ့တာဖြစ်မှာပါ။ နင်စိတ်ကိုအေးအေးထားပြီး စဉ်းစားပါအုံးဟယ် ကွဲမယ်ကွာမယ်ကြီးဆိုတာကြီးပဲလုပ်မနေနဲ့"

"အခုတက်နိုင်သမျှစိတ်အေးအောင်လုပ်ထားတယ်။ ညနေ ဒင်းအလုပ်ကပြန်လာရင်‌တော့ ငါနဲ့တွေ့မယ်။"

"စိတ်လျော့ စိတ်လျော့"

ခွန်းခ နေမကောင်းလို့ဆိုပြီး လာကြည့်တဲ့လူကို ခွန်းခကတဖြန်ပြန်ပြီး စိတ်အေးအောင် ပြန်လုပ်ပေးနေရတဲ့အဖြစ်ပါ။

နှစ်ယောက်သားခွဲနေပြီဆို‌တော့ ရန်မဖြစ်တော့ဘူးထင်ထားတာ။ အခုထင်ထားသလိုမဖြစ်လာတဲ့အပြင် ပွဲကြီးပွဲကောင်းကျင်းပတာကိုပါ ထိုင်ကြည့်‌ရတော့မယ့်ပုံပဲ။

ချစ်ကူး သောင်းကျန်းရင် ဘယ်လောက်ထိ ဆိုးလဲဆိုတာကို ခွန်းခအသိဆုံးပင်၊ ညနေပြန်ရောက်လာမဲ့ ဟန်စက်နိုင်ကြီးအတွက်ကံကောင်းပါစေလို့သာ အိမ်ကနေဆုတောင်းပေးနေလိုက်ပါ့မယ်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now