(အပိုင်း ၃၉)

7.5K 200 10
                                    

[Unicode]

"ဟင့်အင်းး...ဟင့်အင်း...ဟင့်...ဦးဟန်..."

မြေကြီးပေါ်မှာ သွေးအလိပ်လိပ်ဖြင့်လှဲ‌ကျနေသည့် လူကြီးကြောင့် ခွန်းခ အသံတောင်မထွက်‌နိုင်တော့ပဲ၊ မျက်စိအရှေ့ကမြင်ကွင်းကို မယုံကြည်နိုင်သေးတဲ့ မျက်၀န်းတွေဖြင့်ကြည့်ရင်း အနားသို့လျှောက်သွားကာ၊ မြေကြီးပေါ်မှာထိုင်ချ၍ သွေးအိုင်ထဲမှာလှဲနေသည့် လူကြီးအား ရင်ခွင်ထဲပွေ့ထားလိုက်ပြီ၊ ရင်ကွဲမတတ်အော်ငိုချလိုက်သည်။

ဒါဟာ သူတို့နှစ်ယောက်ရဲ့အဆုံးသတ်ပဲလား။ဟင့်အင်း...ဟင့်အင်း...ဒီလိုမဖြစ်ရဘူး။...

‌ငိုနေရင်း ခွန်းခ အသက်ရှုရပ်မတတ်ဖြစ်လာတာမို့ မှိတ်ထားသည့် မျက်လုံးတွေအားယူကာဖွင့်လိုက်သည်။

ဘေးပတ်၀န်းကျင်ကို တစ်ချက်ဝေ့ကြည့်လိုက်တော့ အိပ်အခန်းထဲဖြစ်နေတာမို့၊ ဒါဟာအိမ်မက်ဆိုး တစ်ခုဖြစ်နေတယ်ဆိုတဲ့အသိစိတ်ကြောင့် ခွန်းခ အနည်းငယ်အသက်ရှူ ပြန်ချောင်လာခဲ့သည်။

အိမ်မက်ထဲက သွေးတွေအလူးလူးဖြစ်နေတဲ့ ဦးဟန်...ရဲ့ ပုံရိပ်တွေကြောင့် ချက်ချင်းမန္တလေးကိုပြန်သွားချင်တဲ့စိတ်‌တွေ တိုးတိုးလာခဲ့သည်။

အိမ်မက်ထဲမှာတောင် ရင်ကွဲမတတ်ခံစားနေရတာ။ အပြင်မှာသာ ဦးဟန်...ကိုဒီလိုပုံမျိုးနဲ့ မြင်ရရင်သူဘယ်လိုမှ ခံနိုင်ရည်ရှိမှာ မဟုတ်။...

ဒီသုံးလေးရက်အတွင်းမှာ ဒီအိမ်‌မက်တွေကိုပဲ ဆက်တိုက်မက်နေမိတယ်။ ထို့ကြောင့် သိချင်မိတယ်။ ဦးဟန်...နေများကောင်းရဲ့လား...အစားရောပုံမှန်စားရဲ့လား...ညတွေရော အိပ်ပျော်ရဲ့လား...ဆေး‌လိပ်တွေချည်းသောက်နေရင်...ဘယ်လိုများလုပ်ရပါ့မလဲ။...

တွေးနေတုန်းမှာပဲ ခွန်းခ၏လက်တွေဘေးကဖုန်းကိုလှမ်းယူလိုက်ပြီ၊ ဖုန်း contacts ထဲက"ဦဟန်...♡"ဆိုတဲ့နာမ်လေးကိုနှိပ်၍ ဖုန်းဆက်ဖို့အလုပ်၊ ရုတ်တရက်ခေါင်းထဲ ၀င်လာသည့် အခန်းထဲကနမ်းနေသည့်ပုံရိပ်ကြောင့် ခွန်းခလက်တွေကရပ်တန့်သွားရ၏ လက်တွေတုန်ယင်လာပြီး  ဖုန်းကိုလွှတ်ချလိုက်ကာ၊ ငိုချမိပြန်သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now