(အပိုင်း ၃)

10.8K 365 7
                                    

[Unicode]

"တောက်!"

အနက်ရောင်တွေပြည့်နှက်နေတဲ့ အားကစားအခန်းထဲမှ ထွက်ပေါ်လာတဲ့ တောက်ခေါက်သံတစ်ခု။

"အဲကောင်တွေဘယ်သူလဲဆိုတာကို စုံစမ်းခဲ့လား"

ပြောလိုက်တာနဲ့ အနားမှာရပ်နေတဲ့သူက tablet ထုတ်၍။

"ဒီမှာပါ"

မော်ဦး tablet ကိုလှမ်းယူလိုက်ပြီး အချက်အလက်တွေနဲ့ ပုံထဲမှာပါလာတဲ့ သူ‌နှစ်ယောက်ကို သေချာကြည့်လိုက်သည်။

"ဒီနေ့မကူးခင်ပဲ အဲကောင်တွေငါမျက်စိရှေ့မှာရောက်နေတာကို ငါမြင်ချင်တယ်။"

"ဟုတ်ကဲ့ Boss"

"ပိုက်ဆံအထုတ်ပါ တခါထဲပြင်ထားလိုက် ရာဇာ"

"ဟုတ်ကဲ့ Boss"

အခန်းထဲက သူတပည့်ထွက်သွားတာနဲ့ tabletကို အနားကခုံပေါ် ပစ်တင်လိုက်ပြီ။ လေ့ကျင့်ခန်းဆက်လုပ်လိုက်သည်။
.
.
.
.
.
ခွပ်!!ခွပ်!!ခွပ်!!

ပစ္စည်းအဟောင်းများပြည်နှက်နေတဲ့ ဂိုထောင်တစ်ခုထဲတွင်း ထိုးကြိတ်သံများဆူညံ့နေ၏ ထိုခံရတဲ့ လူနှစ်ယောက်ရဲ့မျက်နှာဟာ မြင်လို့တောင်မကောင်းပေ။

အရှေ့မှာရှိနေတဲ့ ‌ထိုလူနှစ်ယောက်သွေးအိုင်ထဲမှာလူးလိမ့်နေတဲ့အချိန်ရောက်မှ ထိုးနေတာကိုရပ်တန့်လိုက်ပြီ။ အနားကပိုက်ဆံအိတ်ကို ပစ်ပေးလိုက်သည်။

"ဒီမှာ! မင်းတို့ယုခွန်းခဆီက ရမယ့်အကြွေးတွေ နောက်တခါထက်ပြီး သူဆီကနေ သွားတောင်းရင် မင်းတို့ဒီထက်အခြေအနေဆိုးမယ်။ ကြားလား!"

သွေးအိုင်ထဲက လူနှစ်ယောက်က မော်ဦးကိုခေါင်းအဆက်မပြတ်ညိတ်ပြလာခဲ့၏

အနားမှာရှိတဲ့ ရာဇာကမ်းပေးတဲ့ ပါဝါအဖြူဖြင့် လက်ကသွေးများကိုသုတ်ပြီ မော်ဦး ထိုဂိုထောင်ထဲမှ ထွက်ခဲ့လိုက်သည်။
_____________________________

အချိန်ကာ မနက် ၁၀ နာရီခန့် ၊ မနေ့ညကပွဲမှာ ဟန်မင်းသိုက်တစ်ယောက် သူငယ်ချင်းအဟောင်းများနှင့်ပြန်တွေ့ဆုံခဲ့ပြီး။ လူစုံတုန်းလေး စကားတပြောပြောနဲ့အတော်လေးသောက်ဖြစ်ခဲ့ကြသည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now