(အပိုင်း ၃၇)

6.5K 195 15
                                    

[Unicode]

လူကနေမကောင်းဖြစ်နေတာမို့ အိပ်တစ်ချက်နိုးတစ်ချက်ဖြစ်ရင်း အောက်ထပ်မှ ကျကွဲသံတစ်ခုကို ကြားလိုက်ရတော့ ဒေါ်မေမြတ်ဟန် အိပ်နေယာမှထလာခဲ့ပြီ အောက်ထပ်သို့ဆင်းလာ၍ ကြည့်လိုက်သည်။ တအိမ်လုံးတိတ်ဆိတ်နေ၍ ဧည့်ခန်းထဲမှာပန်းအိုးကွဲနှင့်‌သွေးအိုင်မှလွဲ၍ဘာမှမရှိ။ ထိုကြောင့် လှေကားနားက ထားမေ၏ အခန်းဘက်ကိုသွား၍ ထားမေကိုနိုးပြီ မေးကြည့်တော့လဲ အမိကအိပ်မောကျနေလို့ ဘာအသံမှမကြားမိဘူးတဲ့၊

ပူပန်နေသည့်စိတ်တွေနဲ့ အပေါ်ထပ်ကိုပြန်တက်လာခဲ့ပြီ သားဖြစ်သူ၏အခန်းတံခါးကိုသွားခေါက်ကြည့်တော့လည်း အထဲကဘာအသံမှတုံ့ပြန်သံမကြားရ။ ထို့ကြောင့် အခန်းတံခါးဘုကိုလှည့်ကြည့်လိုက်တော့ သော့မခတ်ထားမို့ အခန်းတံခါးက အလွယ်တကူပွင့်လာခဲ့သည်။

ဒီအခန်းထဲမှာလည်း သွေးစက်တွေမှလွဲ၍ ဘယ်သူမှမရှိတာကြောင့် ဒေါ်မေမြတ်ဟန် ရင်တွေလေးလာခဲ့သည်။ အခန်းပြန်ကာ ဆေးသောက်ခဲ့ပြီ။ အောက်ထပ်ကိုပြန်ဆင်းလာ၍ ထားမေကိုခေါ်ကာ ဧည့်ခန်းထဲမှာသားဖြစ်သူ ပြန်အလာကိုထိုင်မျှော်နေမိသည်။

ဧည့်ခန်းထဲမှာ ထားမေနဲ့အတူ‌ထိုင်စောင့်နေရင်း ခဏမှေးခနဲ့ဖြစ်သွားရ၏ ပြန်နိုးလာတော့ သူကိုယ်ပေါ်မှာ စောင်အပါးလေးတစ်ထည်ကခြုံလျက်သာ။

လာခြုံပေးထားတဲ့လူက‌ ထားမေတော့မဖြစ်နိုင် ဘာကြောင့်ဆိုသော် ထားမေကသူ့အ‌ရှေ့ကခုံနားမှာတခေါခေါနှင့်အိပ်ပျော်နေတာကြောင့်ပင်။

ဘေးကိုတစ်ချက်လှည့်ကြည့်လိုက်တော့ သူထင်တဲ့အတိုင်း စောင်လာခြုံပေးထားတဲ့လူက သူရဲ့ပုံရိပ်လေးဖြစ်နေခဲ့၏

ဘေးဘက်မှာထိုင်ပြီချည်ထိုးနေတဲ့ သူ၏ပုံရိပ်လေးကိုလှမ်းကြည့်လိုက်တဲ့အချိန် နှစ်ယောက်သားအကြည့်ချင်ဆုံသွားတာမို့ တစ်ချက်ပြုံးလိုက်ပြီ။

"ညနက်နေပြီးနွယ်ရဲ့...အိပ်တော့လေ"

"မေဟန်တစ်ယောက်တည်းစောင့်နေရမှာပေါ့...နွယ်ချည်ထိုးရင်အဖော်လုပ်ပေးပါ့မယ်။"

ဒေါ်မေမြတ်ဟန်သူရဲ့ပုံရိပ်လေးအားငေးကြည့်ပြီ ပြုံး၍သာခေါင်းညိတ်ပြလိုက်သည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now