(အပိုင်း ၁၄)

9.1K 244 10
                                    

[Unicode]

မင်းနဲ့နီးရဖို့အတွက် ဒီတပတ်လုံး မင်းရဲ့မျက်နှာလေးကိုကောင်းကောင်းမတွေ့ရပဲ ကိုယ်ကြိုးစားခဲ့ရတာ။ သတိရတိုင်း သူများအိမ်ရှေ့မှာသွားချောင်းကြည့်ခဲ့ပေမယ့်လည်း ကိုယ်မှာအပြည့်အ၀ကြည့်ခွင့်မရခဲ့ဘူး။

ခဏတာလေးသာကြည့်ခွင့်ရခဲ့တဲ့ မင်းရဲ့မျက်နှာလေးပေါ်မှာအပြုံးလေးတွေကိုမြင်ခဲ့ရတော့ ကိုယ်မှာစိတ်ချမ်းသာရပြန်တယ်။ ဒါပေမယ့်လဲ အဲအပြုံးတွေက ကိုယ်အတွက်မဟုတ်ပဲ တခြားလူအတွက်ဖြစ်နေတာကိုမြင်ရပြန်တော့ ကိုယ်မှာတစ်ယောက်တည်း ကြိတ်ပြီးအူတိုခဲ့ရသေးတယ်။ တစ်ယောက်ထဲချစ် တစ်ယောက်ထဲအူတို ဟက်!...ကိုယ်ကတကယ်ရယ်ရတယ် မဟုတ်လား။...

11 နှစ်တွင်းသံမှိုတတ်နေတဲ့ ကိုယ်ရဲ့ရင်ခုန်သံတွေကို မင်းကပြန်နိုးအောင်လုပ်နိုင်ခဲ့တယ်။ ဒါကြောင့်မင်းကို လွယ်လွယ်နဲ့တော့ ကိုယ်လက်လွတ်ခံမှာမဟုတ်ဘူး။

ဒီနည်းလမ်းနဲ့ မင်းကိုသိမ်းပိုက်မိတာ မှားမှန်းကိုယ်သိပါတယ်။ ဘာအကြောင်းပြချက်မှမပေးပဲ မင်းပေးသမျှအပြစ်တွေကို ကိုယ်ခံယူဖို့အသင့်ပါပဲ။

မင်းစိတ်ဆိုးမယ်ဆိုရင်လည်း ဆိုးပါ။ စိတ်ကောက်မယ်ဆိုရင်လည်း ကောက်ပါ။ အခုအချိန်ကစပြီး ကိုယ်တစ်ဘ၀လုံး မင်းကိုချော့ရင်းနဲ့သာ အိုမင်းသွားပါ့မယ်။...
_____________________________

ခွန်းခ ရေချိုးခန်းထဲ၀င်ဖို့ ကုတင်ပေါ်ကနေ ဖြည်းဖြည်းချင်းထ၍၊ လမ်းကိုဖြည်းဖြည်းချင်းလျှောက်လာလိုက်သည်။

ခြေလှမ်းသုံးလှမ်းလောက်သာ လှမ်းရသေးတယ်။ ခြေချော်၍ အရှိန်မထိန်းနိုင်တော့ပဲ ကုတင်ဘေးမှာတင် ဖင်ထ်ိုင်လျက်လေး ပြုတ်ကျသွားရ၏

"အ့!"

ပြုတ်ကျလာတဲ့အရှိန်ကြောင့် ခန္ဓာကိုယ်အောက်ပိုင်း တစ်ခုလုံးက အသဲခိုက်မတတ် နာကျင်လာရသည်။

"ရေချိုးခန်းထဲသွားချင်ရင်လဲ ကိုယ်ကိုပြောလေ ကိုယ့်ပို့ပေးမှာပေါ့၊ အခုလိုမျိုးတဇွတ်ထိုးတဇောက်ကန်းတွေမလုပ်နဲ့ မင်းထိခိုက်မာမလို့ ကိုယ်ပြောနေတာ။"

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now