(အပိုင်း ၂၆)

8K 245 37
                                    

[Unicode]

"တောင်းပန်ပါတယ်။...အင့်...နောက်ဆိုပြောစကားနားထောင်ပါ့မယ်။...အင့်...ဒီလိုကြီးမနေပါနဲ့...အင့်...ကိုကိုမကြိုက်တာတွေ...နောက်ဆို...အင့်...မလုပ်တော့ဘူး။...အင့်...အဲအလုပ်ကလဲထွက်လိုက်တော့မယ်...အင့်"

ငိုသံဖြင့်ဗလုံဗထွေးပြောလာသည့်စကားတွေကြောင့် ဟန်မင်းသိုက် ဘာမှမဖြစ်သလိုမျိုး ဆက်ပြီဟန်‌ဆောင်နေဖို့အင်းအားမရှိတော့‌ပေ။ ချက်ချင်း မျက်နှာချင်းဆိုင်ဘက်သို့လှည့်ကာ၊ ခွန်းခ၏ကိုယ်လေးကို ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။

"တိတ်တော့နော် ကလေး...ကိုယ်တောင်ပန်းပါတယ်။ နောက်ဆိုကိုယ်ဒီလိုမျိုးမနေတော့ဘူးနော်"

"အီးးး...မကောင်းတဲ့လူကြီး...အင့်...ဒီကစိတ်ဆိုးသွားပြီ...အင့်...ထင်နေတာ။"

"ကိုယ့်ရဲ့ကလေးလေးကို ကိုယ်ကစိတ်ဆိုးစရာလားကွာ၊ မငို‌နဲ့တော့နော် နေမကောင်းဖြစ်လိမ့်မယ် တိတ်တော့"

ရင်ခွင်ထဲတိုးကာ၀င်လာ၍ငိုနေသည့် အကောင်ပေါက်လေးကို တင်းကြပ်စွာပွေ့ထားပြီ၊ နဖူးလေးပေါ်သို့အနမ်းတပွင့်ခြွေလိုက်သည်။ ပြီးနောက် ကျောပြင်လေးကိုအသာအယာပွတ်သပ်ပေးရင်း အငိုတိတ်စေဖို့ ချော့လိုက်သည်။

တစ်နာရီလောက်ထိုင်ချော့အပြီးမှာတော့ ရင်ခွင်ထဲကအကောင်ပေါက်လေးကလုံး၀အငိုတိတ်သွားခဲ့လေသည်။

"ကဲ...ကိုယ်ကိုပြောပါဦး အရင်ရက်တွေကတစ်ယောက်တည်း ဘာတွေကောက်နေတာလဲ"

ခွန်းခ ရင်ခွင်ထဲကနေ မရဲတရဲလေးဖြင့်ခေါင်းလေးမော့ကာ၊

"ဟိုနေ့က‌ကော်ဖီဆိုင်မှာ ကောင်မလေး..."

ဒီလိုကိစွတွေအထိပါ လိုက်ပြီးအူတိုနေလို့ထင်မှာမို့ ခွန်းခ ဆက်မပြောတော့ပဲရပ်လိုက်သည်။ ခွန်းခ၏ပုံလေးကိုကြည့်ပြီ ဟန်မင်းသိုက် ပြုံးလိုက်မိလေသည်။

လက်ဆတ်သက်တော့ ဒီကလေးမက အူတိုနေတာပဲ။...

"အူတိုနေပုံလေးကချစ်စရာလေးကွာ၊...ကိုယ်ပြောပြမယ် အဲနေ့ကတွေ့ခဲ့တဲ့ ကောင်မလေးက မေမီကိုတဲ့ သူ့ကကိုယ်ရဲ့သူငယ်ချင်း အရင်းကြီး..........."

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now