(အပိုင်း ၁၀)

9.8K 273 33
                                    

[Unicode]

{နောက်တနေ့၌}

မနက်ထဲက မိုးမြင့်နဲ့အတူအလုပ်ကိစွလေးတွေထိုင်ပြီ ဖြေးရှင်းနေရတာမို့ ကလေးမအနားကိုကောင်းကောင်းမကပ်ရပေ၊ အခုညနေမိုးမြင့် ပြန်သွားတော့မှ ကလေးမအနား အေးဆေးကပ်ရတော့မည်။

ဟန်မင်းသိုက် အလုပ်တွေကိုလက်စသတ်လိုက်ပြီး မျက်မှန်ချွတ်၍ ကုတင်နားသို့လျှောက်သွားလိုက်သည်။ ကုတင်ဘေးမှာ၀င်ထိုင်လိုက်ပြီး ဖုန်းသုံးနေတဲ့ ခွန်းခ၏နဖူးလေးကို တစ်ချက်ငုံ့နမ်းလိုက်သည်။

ခွန်းခ ဖုန်းကိုဘေးကစားပွဲပေါ်မှာလှမ်းတင်လိုက်ပြီး ဟန်မင်းသိုက်၏လက်ကိုဆွဲကာ။

"ဦးဟန်...ခေါင်းလျှော်ပေး"

"ဟင်! နေမကောင်းတာကို အခုလျှော်မို့လား"

"အင်း...အခုလျှော်မှာ နောက်ရက်တွေကျရင် ကိုယ့်ဘာသာကိုမလျှော်ချင်လို့"

"ဟုတ်ပြီးဗျာ အဲတာဆိုရေချိုးခန်းထဲ သွားကြမယ်"

ဟန်မင်းသိုက် ခွန်းခ၏ခန္ဓာကိုယ်လေးကို ပွေ့ချီပြီး ရေချိုးခန်းထဲခေါ်သွားလိုက်သည်။

ချုပ်ထားတဲ့အနာက ရေထိလို့မရသေးတာကြာင့် ခွန်းခကို ရေကန်ထဲမှာမထိုင်ခိုင်းတော့ အရှေ့ကဆိုဖာအပုလေးဆွဲယူခဲ့ပြီ။ သက်သောင့်သက်သာဖြစ်အောင် ဆိုဖာပေါ်မှာတင်အိပ်ခိုင်းစေလိုက်ပြီ ခေါင်းကိုရေကန်ဘောင်ပေါ်မှာတင်၍ သူကိုယ်တိုင် ရေကန်ထဲ၀င်ပြီး ခေါင်းကိုသေချာစလျှော်တော့လေသည်။

ဟန်မင်းသိုက် ခေါင်းလျှော်ပေးနေရင် ခွန်းခကို တစ်ချက်လှမ်းကြည့်လိုက်သည်။

ဘ၀မှာဘယ်သူမှခေါင်းမလျှော်ပေးဖူးတာမို့ ကလေးမ နေရတာအဆင်မပြေမှာကို ကျွန်တော်ကသာ စိုးရိမ်နေမိတာ ကျွန်တော်ရဲ့ကလေးမကတော့ မျက်လုံးလေးမှိတ်ပြီး တပြုံးပြုံးနဲ့ ဇိမ်ခံကောင်းနေတုန်း။ တကယ့်က‌လေးလေးအတိုင်းပဲ အူးယားစရာလေး...

ဟန်မင်းသိုက် အမှတ်မထင်ပဲ ခေါင်းလျှော်နေတုန်း အပေါ်စီးကနေ ခွန်းခ၏နှုတ်ခမ်းလေးကို လှမ်းကြည့်လိုက်မိသည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now