(အပိုင်း ၂၉)

7.1K 215 28
                                    

[Unicode]

မိုးလင်းကတည်းကပြန်ရတော့မှာမို့ မျက်နှာကြီးဆူပုတ်နေသည့် ဟန်မင်းသိုက်ကို ခွန်းခနက်ခ်တိုင်ချည်ပေးနေရင်း၊

"သုံးရက်လောက်ပဲကြာမှာကို၊ ဦးဟန်...ကလည်း မျက်နှာကြီးဆူပုတ်မနေပါနဲ့တော့"

"သုံးရက်က ကိုယ်အတွက်အရမ်းကြာတယ်ကွာ၊ မင်းကိုစိတ်ပူတယ်။ ကိုယ်နဲ့အတူလိုက်ခဲ့ပါလား။"

"ကဲ!တော်ပါပြီ။ အလုပ်ကိုသာစိတ်ဖြောင့်လက်ဖြောင့်နဲ့သွားလုပ်၊ ကျနော်ကိုစိတ်ပူမနေနဲ့"

"မပူပဲနေလို့ရမလား။ မင်းကကိုယ်အတွက်အရေးကြီးဆုံးပဲ၊ အခုရောနေရတာအဆင်ပြေရဲ့လား"

"လုံး၀ အဆင်ပြေတယ်။...ရပြီး!"

ခွန်းခ နက်ခ်တိုင်ချည်ပေးပြီသွားတာမို့ အပေါ်ကုတ်အကျီလေးအားဆွဲယူကာ ဝတ်ပေးလိုက်သည်။ အကျီ၀တ်ပြီးတာနှင့် ဟန်မင်းသိုက် ခွန်းခ၏နဖူးလေးကို တယုတယနမ်းရှိုက်လိုက်သည်။

"ကိုယ်စိတ်ချမယ်နော် ကလေးမ!တစ်ခုခုဆိုတာနဲ့ ကိုယ်ဆီအရင်ဖုန်းဆက်နော်"

"ဟုတ်ပါပြီ"

စကားပြောနေရင်း အောက်က ကားသံကြားလိုက်ရတာမို့၊ မိုးမြင့်ရောက်လာပြီဆိုတာကို တန်းသိလိုက်သည်။ ဟန်မင်းသိုက် ခွန်းခ၏လက်လေးကိုတွဲထားရင်း အထုတ်များသယ်ကာ၊ အောက်သို့ဆင်းခဲ့လိုက်သည်။

ကားပေါ်တက်သည့်အထိ ဟန်မင်းသိုက်တစ်ယောက် ခွန်းခ၏လက်တွေကိုမလွှတ်ပေးပဲ၊ ကလေးငယ်တစ်ယောက်လိုဆက်တိုက်ဆုပ်ကိုင်ထား၏

"နောက်ကျလိမ့်မယ်။သွားတော့နော်"

"အင်းပါ။ ကိုယ်စိတ်ချမယ်နော်"

"စိတ်ချပါရှင့်"

ဟန်မင်းသိုက် ခေါင်းလေးငုံ့ကာ၊ ခွန်းခ၏လက်ဖမိုးလေးကို နှုတ်ဆက်အနမ်းများပေးလိုက်သည်။ ကားပေါ်တက်တဲ့အထိမျက်နှာမလှဖြစ်နေသည့် လူကြီးကိုယ်ကြည့်‌ရင်း၊ ခွန်းခ တံခါးဖွင့်ထားတဲ့ ကားပေါ်သို့လစ်ခနဲပြေးတက်ကာ၊ နှုတ်ခမ်းတွေကို နမ်းရှိုက်လိုက်သည်။

အရှေ့မှာထိုင်နေသည့် မိုးမြင့်ကတော့ အသက်အောင့်ကာ၊ အရှေ့ကိုပဲကြောက်ရုပ်လိုကြည့်နေမိသည်။

တစ်ဘ၀လုံးချစ်မယ့်သူ [Completed]Where stories live. Discover now