Part(1)

8.8K 502 14
                                    

ခင်ဗျားတို့သိကြမှာပါ ချစ်တိုင်းလည်းမညား ညားတိုင်းလည်းမချစ်ဆိုတဲ့စကားပုံကို သူနဲ့ကျွန်တော်ကတော့ ချစ်လားမချစ်လားစဉ်းစား ဖို့တောင် မလုပ်လိုက်ရဘဲ ညားသွားရတဲ့အခြေအနေမို့ သူရောကျွန်တော်ရော အဲကိစ္စကို ခေါင်းထဲတောင်မရှိတဲ့အခြေအနေပါပဲ

ကျွန်တော့် ဘဝမှာ ဘယ်သူ့ကိုမှဒူးမထောက်ခဲ့ဖူးတော့ ဒူးထောက်ရတာဘယ်လိုလဲ ကျွန်တော်မသိဘူး မသိတကာ့မသိဆုံးကတော့ ဘယ်လိုချစ်ရမလဲဆိုတာပဲ လုံးဝအတွေးထဲမရှိခဲ့တာပိုမှန်ပါလိမ့်မယ်

ကျွန်တော့်ကိုချုပ်ကိုင်လာမယ့်ကြိုးတွေကိုကျွန်တော် အမုန်းဆုံးပဲ မွေးကတည်းက အနှောင်အဖွဲ့ဆိုတာမသက်ဆိုင်တဲ့ အရာမိုလို့ ကျွန်တော့်ကို ချည်ထားမယ့်တိုင်နဲ့ ဝေးဝေးမှာနေချင်တာ ကျွန်တော့်အပြစ်မှမဟုတ်ဘဲ..

.................. .............. ..................... .....

တောတွေ တောင်တွေ သစ်တောတွေကြားထဲ ကလမ်းသွယ်လေးအတိုင်း ဖြတ်မောင်းလာတဲ့ ကားနက်ကြီး ဆယ်စီး
လမ်းက ကျဉ်းသော်လည်း သေခြာခင်းထားသည့် လမ်းတွေမို့ အဖုအထစ်မရှိ ပြေပြစ်နေသည် အဆင်းအတက်အကွေ့အကောက် တွေက အတော်ကို များသည့်အပြင် ဆင်တူလမ်းသွယ်လေးတွေကလည်းပေါလှသောကြောင့် မကျွမ်းကျင်သူအဖို့ လမ်းမှားမည်ဆိုတာ သေခြာပေါက်ပင်

ကားနက်ကြီးများကတော့ ပတ်ဝန်းကျင်အခြေအနေတွေက သူတို့နှင့် မစိမ်းသက်သည့်ဟန်မို့ ဦးတည်ရာကို ခပ်မှန်မှန်မောင်းနှင်နေကြသည်။ နာရီဝက်လောက်အကြာတွင်တော့ သစ်ပင်ကြီးတွေအုံ့ဆိုင်းနေပြီး အပေါ်သို့လှမ်းမျှော်ကြည့်၍မမြင်နိုင်သော မြင့်မားတဲ့ တောင်ပေါ် တွင် တွေ့လိုက်ရသော နန်းတော်တမျှ အဆောက်အဦးကြီး

ပေါ်တီရှေ့တွင် ပထမကား ကမရပ်တန့်ဘဲ အနည်းငယ် ကျော်မောင်းလိုက်ကာ ဒုတိယ ကားအလှည့်တွင် ရပ်တန့်သွားလေသည်။ အသီးသီးဆင်းလာကြသည့် အနက်ရောင်suit ဖြင့် ခပ်သန့်သန့်လူများကစနစ်တကျ စီရပ်လိုက်ကာ သူတို့အထဲမှာ ခေါင်းဆောင် ဖြစ်ဟန်တူသည့် ခပ်ချောချော လူကဒုတိယမြောက်ကားတံခါး ကိုဖွင့်လိုက်သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now