Part-(13)

3.6K 360 10
                                    

နှလုံးသားကတစ်ခုတည်းရှိတာပါ ချစ်စရာတွေတော့ ရိုက်သတ်လို့တောင် မကုန်ဘူးပေါ့

ခြွင်းချက် အနေနဲ့ တစ်စုံတစ်ယောက် အတွက်ပဲ ဆန့်နေတော့ သိမ်းဆည်းခံရမယ့်တစ်စုံတစ်ယောက်ဟာ

Jeon Jung Kook ရဲ့ နှလုံးသားမိုလို့ကို ကမ္ဘာပေါ်မှာ တစ်မျိုးတည်းရှိတဲ့ limited edition ဖြစ်နေမှရမှာ

.... .... .... .... .... .... .... ..... ..... .... ....

လေလံပွဲတစ်ခု

သိပ်ကို ခမ်းနားသော အပြင်အဆင်တွေနဲ့ ခပ်မှိန်မှိန်မီးရောင် လေးတွေ အောက်မှာ

ပြိုးပြိုးပြက်ပြက် ဝတ်စားထားတဲ့ အမျိုးသမီးကြီးငယ်တွေ.. အမျိုးသားတွေကလည်း သူတို့ရဲ့အမျိုးသားနှင့်ဆိုင်သော တန်ဖိုးကြီး အဆင်တန်ဆာတွေဆင်မြန်းလို့ သူတို့ရဲ့မျက်နှာဖုံးတွေကို အဆင့်တန်းတစ်ခုအသွင်ခံယူပြီး အပြုံးတုလေးတွေဆင်မြန်းလျှက်ဘဝအမှန် ကို ကာကွယ် နေကြသည်။

ထောင့်ကျကျ စားပွဲဝိုင်းတစ်ခုမှာ တော့အနက်ရောင် suit အပြည့် နှင့်အမျိုး သားဟာ စမတ်ကျကျ ခြေ ချိတ်ထိုင်လျှက် ပွဲထဲတွင် သူ့ကိုယ်သူရှိနေဟန် သဘော မထားစွာတစ်ယောက်တည်း ခပ်အေးအေးပင်

သိပ်မလိုတော့သော ပွဲစချိန်အတွက် ဘာစိတ်လှုတ်ရှားနေခြင်းမှလည်းမရှိသလို အပေါ်ယံမျက်နှာဖုံးတွေကြားလဲ ရောရောနှောနှော ရှိမနေ

ဖြောင့်စင်းနေတဲ့ မေးရိုးသွယ်သွယ်လေး ခပ်တင်းတင်းစေ့ထားတဲ့ နှုတ်ခမ်းတွေနဲ့ဖြောင့်နေတဲ့နှာတံကြောင့် သည်လူသားက သိပ်ချောနေတာတော့ ငြင်းမရ

ကျားမတွေရဲ့ အာရုံက တစ်ချက်တစ်ချက် သူ့ဆီမသိမသာရော သိသိသာသာ တွေပါ ဝေ့ဝဲကျလာတိုင်း သူက မဆိုင်သူတစ်ယောက်နှယ်မသိကျိုး ကျွံ ပြုလျှက်..
ကြည့်လိုက်သည်နှင့် သည်အမျိုးသားဟာ သည်လိုပွဲတွေနှင့်မစိမ်းသက်မှန်း သိပ်သိသာနေသည်။

ထိုလူသားရဲ့ ဘေးတစ်နေရာစာအတွက် ချည်းကပ်ချင်နေကြသည့် တိုင် မလှမ်းမကမ်း တစ်နေရာမှ suit အပြည့်နှင့် guard အချို့ကြောင့် အနှောက်ယှက် မပေးရဲကြ

"Tae group က CEO ရောက်လာပြီ"

မလှမ်းမကမ်း မှ အမျိုးသမီး လေးတွေ၏ တိုးတိုးကြိတ်ကြိတ် အသံလေးတွေသည် နားပါးတဲ့ သူ့အဖို့အတိုင်းသား..

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now