Part-(22.1)

3.2K 303 13
                                    

မောင်က နားလည်ရခက်တဲ့ ပုစ္ဆာ လေးလိုပဲ..

ကျွန်တော့်ကို တွန်းထုတ်နေခဲ့တာလည်း မောင်ပဲ..

ကျွန်တော့် ကို ဆွဲထားခဲ့တာလည်းမောင်ပဲ...

ကျွန်တော့်ကို မုန်းတယ်လို့ ပြောခဲ့တာလည်း မောင်ပဲ..

ကျွန်တော့်ကို ရုန်းထွက်မရလောက်အောင် တုတ်နှောင်ခဲ့တာလည်း မောင်ပါပဲ..

.... .... .... .... .... .... .... .... .... .... .....

သို့...

Tae.. မင်း ဒီစာကိုတွေ့တဲ့အချိန်မှာ ငါKorea မြေပေါ်မှာ မရှိလောက်တော့ဘူးလို့ ထင်ပါတယ်

ပထမဆုံးအနေနဲ့ ငါတောင်းပန်ချင်တာက မင်းလိုက်ပို့ပေးချိန်ကို မစောင့်ခဲ့မိလို့
မင်းငါ့ကို စိတ်ဆိုးနေမလား မသိပေမယ့် ငါတောင်းပန်တယ်နော် သူငယ်ချင်း

ငါက မင်းကို အချစ်အကြောင်းတွေသင်ပေးပြီး ငါကပဲ သိသိရက်နဲ့ အဆုံးအစွန်းထိ ရူးမိုက်ပစ်လိုက်တယ်နော်
မင်းငါ့ကို ရယ်ချင်နေမလားတော့ မသိဘူး ငါကတော့ ငါ့ကိုယ်ငါအတော်လေးရယ်ချင်နေမိတယ်

ငါက သူနဲ့ပတ်သက်လာရင် မဆွတ်ခင်ကတည်းက ညွှတ်ချင်နေခဲ့တာနဲ့တူတယ်ထင်ပါတယ်...ငါအဲလောက်ထိ သူ့အပေါ်မှာ ရူးခဲ့တာ
ငါငယ်ငယ်လေးကတည်းကသူ့တစ်မျက်နှာတည်းကိုပဲ ကြည့်ခဲ့တာမိုလို့ထင်ပါတယ်
ငါ့အတွက်နဲ့ သူ့မျက်နှာအညှိုးမခံတတ်တာက သေရာပါမယ့် အကျင့်လေး တစ်ခုလိုပဲ ...အမှတ်မရှိတယ်ပဲပြောပြော ဖျောက်မရတဲ့ အကျင့်လေးတစ်ခု လိုငါ့မှာဖြစ်နေတာ

အင်း..ပြောချင်တာက ငါမလွတ်မြောက်ခဲ့ ပြန်ဘူး Tae ငါလွတ်အောင်ရုန်းကြည့်ပါသေးတယ်

ရုန်းလေနစ်လေဖြစ်နေတုန်းမှာ ရုန်းပါမရုန်းနိုင်အောင်ဆွဲချည်လာတော့ ငါ့မှာပျော်ပျော်ကြီးဆက်နစ်ရုံအပြင် ဘယ်ရှိတော့မလဲ ဟာ

ငါပြန်လာမှာပါ ငါ့စိတ်တွေပြင်ဆင်ပြီးတဲ့ တစ်နေ့ ငါ့ကို ချည်ထားတဲ့ တိုင်ဆီကိုတော့ ပြန်လာရမှာပေါ့

ဖြစ်နိုင်ရင်လေ မင်းကိုလည်းငါ့လောက်တော့ မချစ်စေချင်ဘူးကွာ... သေလောက်အောင် ပင်ပန်းလို့ကွ

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now