Part-(29.2)

2.5K 267 30
                                    


"Hyung ဒီကို ဘာရည်ရွယ်ချက်နဲ့ လာတာလဲဆိုတာ ကျွန်တော်သိတယ်နော်"

"အင်း"

ရည်ရွယ် ချက်ကိုသိပါသည်ဟု တိုက်ရိုက်ပြောနေတာကိုပင် တုန်လှုတ်ဟန်မပြတဲ့ hyung က ဘာသားတွေနဲ့များ ထုဆစ်ထားလို့ သည်လောက်သွေးအေးလွန်းရတာလဲ
ဖြူ စွတ်နေတဲ့ အသားအရည်နှင့် Yoongi မျက်နှာပေါ်မှာ ပြောင်းလဲမှု အရိပ်အယောင်တွေကို နည်းနည်း မှမတွေ့ခဲ့ရ

"ဒါဆို အခုကတည်းက ကျွန်တော် သတိပေးချင်တယ်...
လက်လျှော့ လိုက်ပါလား hyung"

"Tae ငါကဆုံးဖြတ်ချက်ကို လွယ်လွယ်နဲ့ ရုတ်သိမ်းဖို့မလွယ်ဘူးကွ"

သူသိတာပေါ့.. Yoongi hyung ရဲ့ လုပ်နိုင်စွမ်းတွေကို
သို့သော် အခု ကိစ္စကhyung ကျော်ဖြတ်ခဲ့သောအရာတွေနှင့် ကွဲလွဲနေတာမို့

အတော်လေး အန္တရာယ် ကို တစ်ဖက်လှည့်နင့် ဖိတ်ခေါ်နေတာမို့
Tae ရင်လေးနေရခြင်းရယ်

"ကျွန်တော်နားမလည်ဘူးဗျာ ဘာ့ကြောင့် သူမှလဲ
စည်းတွေအကာအရံတွေ ရှိနေတဲ့ သူလေ
လွတ်ကင်းနေတဲ့ စည်းအပြင်ဘက်တစ်နေရာရာက တစ်စုံတစ်ယောက်ကိုပဲ ဖြစ်သင့်တာမဟုတ်ဘူးလား

ဖြစ်တတ်တယ်ဆိုပေမယ့် ဆေးကျမ်းစာအုပ်တစ်အုပ်နဲ့တင် လောကကြီးကို မေ့သွားတတ်တဲ့ သူက
အိပ်နေရရင် အစားအသောက် တွေတောင်သတိမရတတ် တဲ့သူက
ဘာကြောင့် Park Jimin လို ပူပူလောင်လောင် သမားကိုမှလဲ"

Min YoonGi ကလေပူတစ်ချက် မှုတ်ထုတ်လိုက်သည်။ရှင်းပြချင်နေပုံမရသော အခြေအနေပင်
Tae ကတော့ စိတ်အိုက်သွားဟန်ဆံပင်တွေကို ဆွဲဖွလို့

"သဘောကျလို့ ...ငါအများကြီးသဘောကျတယ်လေ"

Tae သူ့ဘေးတွင်ရပ်နေသော YoonGi hyung ကိုခြေဆုံးခေါင်းဆုံး တစ်ချက်ကြည့်မိသည်။ သဘောကျပါတယ်ဆိုသည့် စကားကိုပင်ပြောသွားသည်က အေးစက်စက်
Taeအတွက် နားလည်ရ ခက်နေသည်ကအဲဒါတွေ hyungရဲ့ သဘောကျတဲ့ ပုံစံက ဘယ်လိုလဲဆိုတာ စီးပွားရေးသမားသူတောင် အဓိပ္ပါယ်ဖွင့်မရ

"Hyung ပြိုင်ဘက်က Jeon Jung Kook နော် တစ်လောကလုံး ကိုဖက်ပြိုင်နိုင်တဲ့ သူ"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now