Part-(3)

4.4K 419 9
                                    

ချစ်ခြင်းမုန်း ခြင်းကြားမှာ စည်းသေးသေးလေးတစ်ခုပဲ ခြားတာပါ

စည်းရဲ့ တစ်ဖက်တစ်ချက်စီမှာ ရပ်နေခဲ့ကြတဲ့သူနှစ်ယောက်က တစ်ဖက်ဖက်ကို ကျော်ဖြတ်ခဲ့မယ်ဆိုရင်

တိကျတဲ့ အဖြေတစ်ခုတော့ ရှိလာမယ် မဟုတ်လား....

............................................................

"ဘာ!!!!!သူကဘာလို့ အဲမှာနေရမှာလဲ အဲတောင်စောင်းပေါ်က အိမ်ကဘယ်သူတွေနေရတယ်ဆိုတာ သူမသိဘူးလား"

မနက်ခင်း မှာတော့ စံအိမ်သခင်လေးရဲ အမိန့်သြဇာအပြည့် ဆူပူသံတွေက အိမ်အောက်ထပ် ဧည့်ခန်းတစ်ခုလုံး တုန်လှုတ်စေသည် ။အိမ်အကူတွေလည်း အသက်ရှုမမှန်ချင်တော့ အလိုမကျသံအပြည့်ဖြင့် စံအိမ်သခင်ဟာ ခေါင်းစဉ်တပ်မရတဲ့ ဒေါသတွေ ကအများအပြား

တစ်သက်လုံး သူများအပေါ်မှာခဲ့ချည်းဖြစ်ခဲ့တဲ့သူ အမိန့်နှင့် အာဏာဆိုတာ သူ့အတွက် တော့ အလိုအလျှောက်ကို ပြီးပြည့်စုံကာ တစ်ပါးသူအပေါ် လွှမ်းမိုးခြင်းအပြည့်နဲ့ မွေးဖွားလာတဲ့သူ။ သူ့ကိုမထီမဲ့မြင်ပြုသူဆိုတာ မိဘကလွဲရင်မရှိသလောက် ရှိလာရင်လည်း ကြာကြာလောကကြီးမှာ နေစရာမလို ။သို့သော် လှပလွန်းတဲ့မှေးကျဉ်းကျဉ်းမျက်ဝန်းတွေကတော့ သူ့အပေါ် သိပ်မထီမဲ့မြင်ဆန်လွန်သည်။ခပ်ထူထူနှုတ်ခမ်းသားတွေက သူလွှမ်းမိုးလို့မရတဲ့ ရပ်ဝန်းအဖြစ် အားနည်းရာကိုမြင်နေရသည်။ကိုင်ပေါက်မှ တစ်ဆုပ်စာရှိတဲ့ အနှီးပုဂ္ဂိုလ်က သူ့ကိုရောက်ရောက်ချင်းမှာပင် အတော်လေး ကသိကအောက် ဆန်စေတာတော့ အမှန်ပင် သည်လူက သူ့ယောက်ျား သူဖမ်းချုပ်လို့မရသေးတဲ့သူ့ယောက်ျား

"နေရမယ့် အကြောင်းရှိလို့ နေတာ သူတို့က ဘာသိမှာမိုလို့လဲ"

"ခင်ဗျားနဲ့ကရော ဘာဆိုင်လို့လဲ"

လေးထောင့်ဆန်ဆန် မျက်နှာပိုင်ရှင်သည် ချောမောလှတဲ့ မျက်နှာလေးကို ခနဲ့ပြုံးလေးဖြင့် ဆင်မြန်းကာ စံအိမ်သခင်ကို လှောင်ပြောင် နေခဲ့သည်။

"မွေးကတည်းက အမှိုက် အရှုတ်အထုတ်လို လောကကြီးထဲမှာ အထီးကျန် နေတဲ့သူ့ကို အတူတူ ဖြတ်သန်းပေးခဲ့တယ် သူငိုရင် နှစ်သိမ့်ပေးခဲ့သလို သူပြုံးနေရင်လဲ အတူတူပျော်ပေးခဲ့တယ် သူရွေးချယ်ခဲ့တဲ့လမ်းကြောင်းတွေမှာ အကြံပြုဖော်ပြုဖက်အဖြစ်နဲ့ ရှိခဲ့တယ် အနည်းဆုံး တော့ငါက သူ့ယောကျာ်းဖြစ်တဲ့မင်းထက်တော့သာတယ်"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now