Part-(26.2)

2.6K 261 27
                                    


"အဲတော့ ငါက ပြန်ရတော့မှာလား"

UK မှာ အရမ်းတော်လွန်လို့ ဘုရင့်သမားတော် ဘွဲ့ရခဲ့သည့် နှလုံးအထူးကုဆရာဝန်ကြီး
သူ့ဘဝတွင် ငွေက အဓိကမကျခဲ့သော်လည်း မာနကတော့ အရမ်းအရေးပါသည်။
ဆေးလောကတွင် ဆရာဝန်AgustDဆိုတာနှင့် ဖိန့်ဖိန့်တုန်စေတာမျိုး
တစ်ခုကတော့ သူ့ရဲ့ နောက်ကြောင်းကို ဘယ်သူမှမသိကြသလို နာမည်အရင်းကို မသိကြတာများသည်။
ငွေပုံပေး၍မရသော သူ့လိုလူအတွက် အရှေ့က ကောင်လေးက သိပ်မောက်မာလွန်းနေတယ်ဟုသူထင်သည်။

ဆရာဝန် လေး ကနိုင်ငံခြားမှာ လေ့လာဆည်းပူးခဲ့သည်မှန်သော် လည်းကိုယ့်ထက်အရင်ပညာသွားရောက်ဆည်း ပူးခဲ့ပြီးအတွေ့အကြုံအရည်အချင်းပြည့်ဝနေသော Senior ကြီးကို တွေ့လိုက်ရတာမို့ ဘယ်လိုမှ လက်မလွှတ်နိုင်ခဲ့

"မဟုတ်တာ.. hyung ကြိုက်သလောက် နေ ပါ အပန်းဖြေလာတာလား ကျွန်တော်လိုက်ပြပေးမှာပေါ့
Tae ဆီလာတာဆိုရင်တော့ ကျွန်တော်ခေါ်ပေးပါမယ်"

ကိုယ့်ရဲ့ စံပြပုဂ္ဂိုလ်ကြီးကို အရှေ့တွင် တွေ့လိုက်ရချိန်တွင် Jimin ဘယ်လိုမှ ဟန်မဆောင်နိုင်စွာ မောင်ကိုင်ထားသည့် လက်တစ်ဖက်ကို ပင် ဖြုတ်ချ ထားခဲ့ ပြီး hyung ရဲ့လက်ကို အတင်းဆွဲကိုင်ပြီး စကားတွေကို အဆက်မပြတ်ပြောနေမိသည်။

မောင့်မျက်နှာ က ယောကျာ်းဖြစ်သူကို ကြည့်ပြီး အတော်လေးပျက်ယွင်းသွားခဲ့ တာကိုတော့ ဆရာဝန်လေး သတိမထားမိခဲ့

"ဒီလိုပဲ ငါ့မွေးရပ်မြေကိုမရောက်တာကြာလို့ လာကြည့်တာပါ ဘဝမမေ့အောင်ပေါ့ ...
Tae ဒီကိုရောက်နေတာတောင် မသိဘူး"

Yoongi စကားကြောင့် ဆရာဝန်လေးမျက်ဝန်းတို့ အနည်းငယ် ကျယ်သွားသယောင်

"Hyung ကဒီနယ်မြေ ဇာတိလား"

"ဆိုပါတော့"

အဖြေကတော့ တိုတိုတောင်းတောင်း သာပေးပြီး ဆရာဝန်လေးအနောက်မှသူ့ကိုစားမတတ်ဝါးမတတ်ကြည့်ကာ နေသည့် မောက်မာသည့် ကောင်လေးအား ခပ်ထေ့ထေ့ ပြုံးကာ ခပ်စူးစူး ပြန်ကြည့်ပေး လိုက်သည်။

"ဒီမှာ hyung နေလို့ အဆင်ပြေတယ် စိတ်မပူနဲ့နော် hyungအတွက် ကျွန်တော် တစ်ဆောင်စီစဉ် ခိုင်းလိုက်ပါ့မယ်
ပျော်သလောက် နေသွားပါနော် hyung"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now