Part-(32.1)

2.4K 284 10
                                    

တချို့သောအရာတွေက မြင်တွေ့ လိုက်ရတဲ့ အရာတွေကို သိစိတ်နဲ့တင် ခံစားလို့ရပေမယ့်

တချို့အရာတွေကတော့ နှလုံးသားနဲ့ ခံစားကြည့်မှ နားလည်နိုင်တဲ့ အခြေအနေတွေပါ

မောင့်ကို သိစေချင်တဲ့ဘဝမှာ အကြီးမားဆုံးဆန္ဒလေးက မောင်နှင့်ပတ်သက်တဲ့ အရာရာဟာ
ကျွန်တော် နှလုံးသားတစ်ခုလုံးရင်းပြီးမှ ထွက်လာတဲ့ ရလဒ်တွေဆိုတာ

.... .... ..... .... .... ..... ..... ..... ..... ....

"Tae လေး"

"ကျွန်တော့်အရှေ့က ဖယ်"

အင်္ကျီကြယ်သီးတချို့ကို ဖြုတ်လိုက်ရင်း စိတ်ရှုတ်စွာ မာမီ့ အိမ်မှ အလုပ်သမား အဒေါ်ကြီးအားကြည့်မိသည်။

"သခင်မကြီးက နေမကောင်းလို့ပါ...ဘယ်သူမှ အနားယူနေတုန်းဝင်မလာပါနဲ့ မှာထားလို့ပါ"

မာမီဘာတွေ လုပ်နေတာလဲ ဆိုတာသူမသိတာမဟုတ်
သိလွန်းလို့ ခက်နေတာ

"ကျွန်တော် သိပြီးသားကိစ္စတွေမို့ ကျေးဇူးပြု ပြီး အရှေ့က ဖယ်ပေးလိုက်ပါ"

မျက်ဝန်းတွေက ခပ်စိမ်းစိမ်းအကြည့်တွေနှင့်စိုက်ကြည့် လိုက်တော့ အဒေါ်ကြီးက အနည်းငယ် လန့်သွားပုံပေါ်ပါသည်။

"ဝင်ခိုင်းလိုက်"

အခန်းထဲမှ မာမီ့ခွင့်ပြုသံထွက်ပေါ်လာချိန်တွင်တော့ အဒေါ်ကြီးက ခေါင်းကို ငုံ့ချပြီး ဘေးသို့လမ်းဖယ်ပေးလာသည်။

Tae ကသားလိမ္မာလေးမဟုတ်ခဲ့ပါ
ဒါကို ကိုယ်ကိုတိုင်လည်း သိထားသည်။
မာမီ့ကြောင့်ဆိုသည့် အကြောင်းပြချက်ကြောင့် ပင်

ဘယ်အရာကိုမှ အထူးတလည်ယဉ်ကျေးပြဖို့ သူဆန္ဒမရှိ

ပေါင်းသင်း ဆက်ဆံရေးပြေပြစ်သည်ဟူသော ဂုဏ်သတင်းက သူလုပ်ယူခဲ့သည်မဟုတ်

Tae အပေါ် ကောင်းမွန်ပေးသော သူများသာရရှိခဲ့သည့် လက်ဆောင်လှလှလေးသာ

ကိုယ့် အပေါ် ပုံသဏ္ဍန်မမှန်ဘဲဆက်ဆံလာပြီဆို ပို၍ ပြုံးပြနိုင်ပါသေးသည်။
လိုချင်မိတဲ့ အရာရာအတွက် အပြုံးလေးအောက်မှာပင် တစ်စစီ ဖဲ့ချွေယူ ဖို့ဆိုသည့် အုံပုံးရည်ရွယ်ချက်လေးနှင့်

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now