Part-(31.2)

2.3K 284 16
                                    


ကျွန်တော်တစ်ခါတစ်လေတော့လည်း မောင့်ကိုပြောပြချင်ခဲ့ တာပေါ့
မမြင်ရတဲ့ အချစ်တွေက သိပ်ကို ခမ်းနားကြီးကျယ်ကြောင်း
လှပကြောင်းတွေကို

လက်တွေ့ သမားလေးကမယုံနိုင်လို့ သက်သေတွေ ပြခိုင်းတဲ့အခါ ကျွန်တော့်နှလုံးသားမှာ မောင့်ကို ချစ်ကြောင်းစာလုံးလှလှ လေးတွေရေးခြစ်ပြီး
သက်သေပြချင်မိတဲ့ အထိ သူမောင့်ကို သိပ်ချစ်တာပါ

မောင်အိပ်နေပြီဆိုတာ သေချာ သလောက်ရှိချိန်မှ ရင်ခွင်ထဲမှ အသာအယာရုန်းထွက်မိသည်။
ဒါတောင် မောင့်မျက်ခုံးတွေက အလိုမကျသလို တွန့်ချိုးလာသည်ကြောင့် မနိုးလာစေရေးအတွက် မောင့်ပခုံးကို အသာအယာ ပုတ်ပေးမိသည်။
အိပ်ယာထက်မှ မောင့်ကို သူအချိန်အတော်ကြာသည်အထိ စိုက်ကြည့်နေခဲ့မိသည်။

သိပ်မာကျောသည့် သူ သိပ်မာနကြီးတဲ့သူ တစ်လောကလုံးကို တင်စီးနိုင်သည့်သူက မောင့်အရှေ့ရောက်တိုင်း အမြဲတမ်းအားနည်း သွားရတတ်သည်။
ဖြစ်နိုင်မည်ဆို သူသည်ကလေးလေးကို အနှီးထုပ်ထဲက နီတာရဲလေးဘဝက မကြီးလာစေချင်ခဲ့
ဒါမှ မောင်က အရင်တုန်းကလို သူ့မျက်စိအောက်မှာပဲ ရှိနေမှာ
သူသွားလေရာကို ပွေ့ချီခေါ်သွားလို့ရမှာ

ငယ်ရွယ်သေးတဲ့ မနူးမနပ်အချိန်တွေ ကစပြီ ဆယ်ကျော်သက်အရွယ် လက်ရှိအရွယ်အထိ တစိမ့်စိမ့်ကြည့် ပြီး သူသည်ကလေးကို လောဘတွေတက်ပြီးရင်းတက်ခဲ့ရတာ
ချစ်လွန်းလို့ပါဆိုသည့် အမေးမရှိခဲ့သည့် အဖြေတွေကသူတစ်ဦးတည်းကြားရရုံ ရင်ထဲမှာ ထပ်ကာထပ်ကာ ပဲ့တင်ထပ်နေခဲ့သည်။

မောင့်ပါးပြင်ထက် အသာအယာ ဖိကပ်နမ်းရှိုက်လိုက်ပြီး

"ငါဘာလုပ်ရမလဲ မောင် ငါအရမ်းပင်ပန်းနေပြီ
ငါ့ရဲ့ ရွေးချယ်မှု က ထပ်ခါထပ်ခါ မင်းဖြစ်နေခဲ့တာတောင်မှ
မင်းရဲ့ရွေးချယ်မှုက ဘာဖြစ်လို ငါ မဖြစ်ရသေးတာလဲ"

နာကျင်ရပါသည် ဝေဒနာက အတော်လေးဆိုးဆိုးဝါးဝါး
သည်လူဆိုးလေး အနားမှာ နေရတဲ့ အချိန်ဆို ပို၍ ဝေဒနာ တက်နေသယောင်
အနက်ရောင် စောင်ကြီးကို မောင့်ရင်ဘတ်နားအထိ လွှမ်းခြုံပေးခဲ့ပြီး လသာဆောင် ဘက်ထွက်လာခဲ့ လိုက်သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now