Part-(21)

3.3K 303 17
                                    

မောင်က ကျွန်တော့် ကိုချည်ခဲ့တာလား..

ကျွန်တော်က မောင့်ကိုချည်ခဲ့တာလား..

မသဲကွဲ ပေမယ့်

ရစ်ပတ်မိတဲ့ အချိန်မှာတော့ ရုန်းထွက်မရခဲ့ လောက်အောင် ခပ်တင်းတင်း တုတ်နှောင်မိနေပြီ

ကျွန်တော် လှုတ်လို့တောင်မရခဲ့ပါဘူးဗျာ...

အချစ်တွေနဲ့ ကင်းဝေးနေပေမယ့်ပေါ့..

.... .... .... ..... ..... ..... ..... ..... ......

"Hyung သူဘယ်လိုနေသေးလဲ "

ကုတင်ပေါ် မှေးစက်နေတဲ့ ဖြူ လွှလွှပုံရိပ်ငယ်ဟာ အားမရှိစွာ ဖြူဖတ်ဖြူရော်ဖြင့်

"အဖျား ကျသွားပါပြီ စိတ်ကောလူကော အတော်ပင်ပန်းနေပုံပဲ"

ဆရာဝန် Agustd D က စမ်းသပ်စစ်ဆေးမှုများကို ပြုလုပ်ပြီး ခပ်အေးအေးပဲ ဖြေဆိုလာသည်။
Tae၏ ပင်တိုင်ဆရာဝန်ဖြစ်လာပြီးတဲ့နောက် Tae ရဲ့လူမှုဆက်ဆံရေး သည် သြချလောက်စွာ လူဖြောင့်စိတ်တို ပေါင်းသင်းရကြပ်သည့် ဆရာဝန်ကိုပင် ညီအစ်ကိုသဖွယ် ဖြစ်စေခဲ့သည်။

"မင်းနဲ့ သူဘယ်အတိုင်းအတာထိ ရင်းနှီးမှုရှိလဲ Tae"

"ဖေအေ မေအေတွေမတူတာကလွဲရင် သူ့အကြောင်းကျွန်တော်မသိတာမရှိလောက်အောင် သူလည်းကျွန်တော့်အကြောင်းကိုမသိတာမရှိလောက်အောင် ရင်းနှီးပါတယ်"

Hyung က မျက်လုံးတွေ တစ်ချက်ပင့်ကြည့်လာကာ

"ဒါဆို သူဘာဖြစ်လာလဲ မင်းသိမှာပေါ့"

"အကုန်လုံးကိုမသိပေမယ့် တော်တော် များများသိပါတယ်"

တိတ်ဆိတ်တဲ့ညယံမှာ မဟုရာရောင် စံအိမ်ကြီးထဲက ထွက်လာသော သူ၏ သူငယ်ချင်းမှာ ဖိနပ်တွေပင်မပါခဲ့။ လက်ထဲမှ ဆက်သွယ်စရာ ဖုန်းတစ်လုံးနှင့် လက်တစ်ဖက်က ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်ထပ်စာချုပ်တစ်စောင်

over size အနက်ရောင် shirt ဖရိုဖရဲကို ဝတ်ဆင်ထားခဲ့ကာ တစ်ကိုယ်လုံးဖြူဆုပ်လျှက်

စတွေ့တွေ့လိုက်ရချင်း Tae ရင်ဝကိုဆောင့်ကန်ခံလိုက်ရသလို ကြက်သေသေ သွားခဲ့ရသည်။ အရွယ်ရောက်ပြီးသားယောက်ျားသားတစ်ယောက်ပေမို့ အခြေအနေအရပ်ရပ်ကို မပြောလည်းသဘောပေါက်မိလျှက်သား..

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now