Part-(11)

3.7K 352 7
                                    

လူတွေက စိတ်ဆိုးပြီဆို အပြင်းအထန် မဟုတ်ပေမယ့် အနည်းငယ် တော့ ပေါက်ကွဲတတ်ကြ တာမျိုး

ဒါပေမယ့် မောင့်ရဲ့ ယောကျာ်းကတော့ စိတ်ဆိုးလာပြီဆို

အရာဝတ္ထု လေးတွေအပြင် သူကိုယ်တိုင်ပါ ဆိတ်ဆိတ် လေးနဲ့ ပတ်ဝန်းကျင် အေးအေး လေးမှာ ဖြတ်သန်းနေတတ်တယ်

.... .... .... .... .... .... .... .... ... .... ..... ...

"ငါသဘောမတူဘူး Tae Hyung"

"Taeက သဘောတူဖို့ လာတောင်းဆိုနေတာမှမဟုတ်တာ"

မိဘ သဘောကျ နေခဲ့သည်ဆိုတာ ပုံစံခွက်ထဲထည့်ကာ သွန်လိုသွန် မှောက်လိုမှောက် ပုံဖော်သလိုငြိမ်ငြိမ်ကလေးနေခဲ့ခြင်းသည် ပျော့ညံ့နေခဲ့ခြင်းကြောင့်မဟုတ် စိတ်ချမ်းသာစေချင်တဲ့ ဆန္ဒ ကြီးကြီးမားမား လေးတစ်ခုကြောင့်ပင်

မာမီသည် ချုပ်ချယ် တတ်သူမဟုတ်သော်ငြား သူ့နှလုံးသားနှင့် ပတ်သက်၍တော့ အပြင်းအထန် ကန့်ကွက်နေသည်။CEO Taeဘဝက သိပ်စိုပြေခဲ့တာပါ။တစ်ခုလပ် ခဲ့တဲ့မာမီဟာ မာနတွေ အများကြီးနဲ့ရပ်တည်နေသူ Tae ရဲ့ တစ်ဦးတည်းသေား ဆွေမျိုးအရင်းအချာ

ဒယ်ဒီ့အသိုင်းအဝိုင်းသည် ကြီးကျယ်လွန်းခဲ့သော်ငြား Tae ရဲ့ဖြစ်တည်မှု Tae အရည်အချင်း တွေကို ဘာအသိအမှတ်မှ ပြုခဲ့သည်မရှိ မျိုးရိုးကြီးခဲ့သူမာမီဟာ သားနှင့်ပတ်သက်လာလျှင် ရဲရင့်ခြင်းတွေ တစ်လောကလုံးနှင့် ဖက်ပြိုင်နိုင်ခြင်းတွေက အဆုံးအစမဲ့ ခဲ့သည်။

Tae အပေါ်အထင်သေးသည့် အသိုင်းအဝိုင်း ထက် သာလွန်သည်ထက်သာလွန်အောင် မြင့်မြတ်သည်ထက်မြင့်မြတ်အောင်ထားကာ အသက်ရှူ နေရခြင်းမှာတောင် မြင့်မြတ် သာလွန်စေသည်အထိ ထားခဲ့တာမျိုး

"အခု မာမီ့ ကို ပြန်အော်နေတာလားTae မင်းအတွက် မသင့်တော်လို့ ပြောနေရတာ မာမီ ဘယ်နှခါများ မင်းလိုချင်တာရှိရင် ငြင်းခဲ့ ဖူးလဲ"

"Tae မအော်ပါဘူး မသင့်တော်ဘူးဆိုတာ ဘာကိုကြည့်ပြီးဆုံးဖြတ်လိုက်တာလဲ အခုကိစ္စမှာ လည်း မငြင်းလက်စနဲ့ ဆက်မငြင်းပေးပါနဲ့လား မာမီ"

အတတ်နိုင်ဆုံး မာမီနှင့်ပြေပြေလည်လည် ရှိချင်ပါသည်။

"သူဘယ်လို လူမျိုးလည်းဆိုတာ မင်းသိပါတယ်"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now