Part-(39.2)

2.4K 247 1
                                    


တောတောင်ကြီးက ငြိမ်သက်နေခဲ့ခြင်းမရှိ
မာယာ အသွယ်သွယ်တို့ အမျိုးစုံရာမို့ အသံ ဗလံတွေကလည်း ကြားနေခဲ့ရသည်။
သဘာဝအသံတွေသည် တောတောင် ဖြစ်ကြောင်းကို အမြဲ ပြသနေလျှက်
မြင့်မားလှတဲ့ ရေတံခွန်ကြီး ၏ အသံပေးမြည်ဟီးနေမှုကလည်း သည်နေ့မှပင် အကဲပိုကာ တစ်ခုခုကို ဆာလောင်နေကြောင်းပြသနေသည့် မကောင်းဆိုးဝါး ကြီးနှယ်

ရေတံခွန်၏ အပေါ်ဘက်တွင်တော့ သဘာဝသံ မဟုတ်သည့် လူတွေ၏ ခြေသံ တွေနှင့် အတူ သိပ်မကြာခင် အချိန်လေး အတွင်းမှာပင် အုပ်စု နှစ်စုက မျက်နှာချင်းဆိုင်ရပ်သွားကြသည်။

ဦးဆောင် လာသူနှစ်ဦး၏ အကြည့်တွေက တော့ အင်အားချင်း ပြိုင်ဆိုင်နေကြစွာ တစ်ယောက်၏ ခန္ဓာကိုယ်ထဲသို့ တစ်ယောက် ပေါက်ထွက်တော့ မည့် အလား စိုက်ကြည့် နေခဲ့ သည်။

ထို့နောက် Phoenix အဖွဲ့ကို ဦးဆောင်လာသော မောင် က အိတ်ကဒ် ထဲမှ အရိုးခေါင်းပုံ ပါသောအပြာရောင် ကဒ်လေးကို ထောင်ပြကာ
မီးတို့လိုက်ပြီး ဆေးလိပ်မီးညှိ လိုက်ကာ ဖွာရှိုက် လိုက်ရင်း နှုတ်ခမ်းပါးတွေက လွန့်ကနဲတစ်ဖက်ခေါင်းဆောင်ကို ပြုံးပြလာသည်။

"တွေ့ရတာ ဝမ်းသာပါတယ် ယောက်ဖ"

တစ်ဖက် ခေါင်းဆောင်၏ မျက်နှာက တော့ တည်တင်းသွားရတာ

"ငါကတော့ မင်းကို တွေ့ ရတာ ကျက်သရေကို မရှိဘူး"

"Wow အဲလောက် တောင်ပဲ လား

သိပါတယ် ဒါကြောင့်လည်း Daed sign ကဒ်ကို ပို့ လိုက်တာပေါ့

BLUE SKY ရဲ့ ခေါင်းဆောင်ကြီးက"

မျက်ဝန်း ကျဉ်းကျဉ်းတွေက အလျှံညီးညီး တောက်လောင်နေတဲ့ မီး တွေလိုပါပဲ မောင့်ကို ကြည့်တဲ့ Min Yoongi ရဲ့ အကြည့်တွေက

"ငါမင်းကို အချိန်တိုင်း ဒီလောကကြီးက ပျောက်ကွယ် သွားစေချင်ခဲ့တာ
ဒါပေမယ့် မင်းက သိပ်အသက်ပြင်းလွန်းနေတယ်"

"ဒါပေါ့ Phoenix လေ လွယ်လွယ်နဲ့ ရိုက်သတ်လို့ရတဲ့ လဒမှ မဟုတ်တာ"

"Park Jimin ဘယ်မှာလဲ"

မောင့် မျက်ခုံးတွေက ပင့်တက်သွားရ ကာ

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now