Part-(19.1)

3.2K 298 5
                                    

ကျုပ် ပိုင်ဆိုင်တဲ့ အရာတွေကို ကျုပ်မှ သဘောတူညီ မှု မရှိရင်

အပ်တိုတစ်ချောင်းတောင် ကျုပ်ဆီကယူလို့မရဘူး...

Park Jimin ဆိုတာ ကျုပ်မွေးကတည်းက ကျုပ်အတွက် ဖြစ်တည်လာတဲ့ ပိုင်ဆိုင်မှု...

Park Jimin ကိုတခြားသူကိုပေးပစ်လိုက်ဖို့ဆိုတာ ကျုပ်တစ်ခါမှ မစဉ်းစားဖူးတဲ့ကိစ္စ

Park Jimin ကလိုလားနေတယ်ဆိုရင်တော့လည်း လွယ်ပါတယ် ကျုပ်သူ့ခြေထောက်တွေကို ရိုက်ချိုးလိုက်ရုံပေါ့...

.... ..... ..... ..... ...... ..... ...... .... .....

"သခင်ကြီး အစ်ကိုလေးက တွေ့ခွင့်တောင်းနေပါတယ်"

Mr.Jeon မျက်ခုံးတွေ ပင့်တက်သွားရသည်။ ရှုတ်ထွေးလှတဲ့ ကြမ္မာကိုတော့ ကာယကံရှင်တွေက စရေးနေခဲ့ပြီထင်သည်။

"ဝင်လာခဲ့ခိုင်းလိုက်"

guard ထွက်သွားတဲ့နောက် တိုက်ကွန်ဒိုဝတ်စုံ၏ ခါးစည်းကို သေချာပြု ပြင်လိုက်ပြီး ဆိုဖာပေါ် ဝင်ထိုင်လိုက်သည်။ ဒီနေ့တော့ တစ်သက်လုံး ကစားခဲ့သည့် ပွဲတွေထဲမှ မျိုးစုံလှတဲ့အလှည့်အပြောင်းတွေနဲ့ ကစားပွဲကို သူကစားရမည်။

သူ့ကစားပုံက ကြမ်းတမ်းနိုင်သလို သူမတူအောင်လည်းပျော့ပြောင်းနိုင်သည်။ထင်မှတ်မထားတဲ့ မာယာလေးတွေ ထုတ်သုံးရတာမျိုးလည်းရှိမည်ပေါ့ တဖက်ရန်သူကိုအလဲထိုးနိုင်ဖို့ က သူ့ရဲ့ အကြီးမားဆုံး သော ရည်ရွယ်ချက်...

"ဒယ်ဒီ"

"ထိုင် Mochi"

သူရှေ့ရောက်လာတဲ့ ကောင်ငယ်လေးက တောက်ပနေတဲ့ မျက်ဝန်းတွေ ကလွဲလို အရာရာ ဟာ မှိုင်းထနေသည်။ အနည်းငယ် နေမကောင်း နေပုံရတဲ့မျက်နှာနွမ်းနွမ်းလေးဖြင့် အိတ်ထဲမှ စာရွက်စာတမ်း file တချို့ကို Mr.Jeon အားကမ်းပေးလာခဲ့သည်။

စာရွက်စာတမ်း တွေကိုကောက်ယူ ဖတ်ကြည့်လိုက်ပြီး Mr.Jeon သက်ပျင်းတစ်ချက်ချလိုက်ကာ

"Mochi သဘောပါ "

"ဒယ်ဒီ သဘောမတူဘူးဆို ကျွန်တော်"

"မဟုတ်ဘူး Mochi ...ကိုယ်ပိုင်အတောင် ကိုယ်ပိုင်ဘဝလေး Mochiမှာရှိတယ် အမြင့်ဆုံးကိုပျံသန်းနိုင်သလို အလှအပဆုံးကိုယ်ပိုင်ဘဝလေးလည်း တည်ဆောက်လို့ရတဲ့အစွမ်းအစတွေ အများကြီးရှိတယ်...ဒယ်ဒီက မကောင်းတဲ့ အရာမဟုတ်တဲ့ အတွက် ပိတ်ပင်တားဆီးနေမှာမဟုတ်ဘူး..."

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now