Part-(15.2)

3.4K 368 25
                                    


"Darling အဒေါ့်ဆီက ဖုန်းလာတယ် Tae ရောဂါ ပြန်ဖောက် နေတယ်တဲ့"

ဝမ်းကွဲညီဆိုပေမယ့် ငယ်စဉ်ကတည်းက ထိန်းကျောင်း ပေးလာရတာမို့ Seok Jin စိတ်မပူဘူးဆို လိမ်ရာကျနေပေလိမ့်မည်။

သူ့ညီဘဝက သူ့လောက်အဆင်မချောခဲ့တာမို့ တတ်နိုင်သမျှ အလိုလိုက် အကြိုက်ဆောင်ကာ ကျန်တဲ့ဝမ်းကွဲမောင်နှမတွေထက် ပိုချစ် ပိုအလိုလိုက်ခဲ့ မိသည်။

"ဒါဆို ကျွန်တော်တို့ ပြန်ကြတော့မလား Hyung"

စာတစ်အုပ် ကော်ဖီတစ်ခွက်နင့်အတူ အေးဆေး လူလူရှိနေသည့် လူအေး ကြီးက မေးလာခဲ့သည်။

"Darling ပြန်မလိုက်နဲ့ Hyung ပဲ သွားလိုက်မယ် ဒီမှာက Mochi နဲ့သားငယ် တောဝင်သွားတယ်"

တောဝင်သွားသည် ဆိုမှ အမှတ်ရသွားဟန်ရှိတဲ့ Nam Joon က တစ်ခုခုကို အလေးနက် စဉ်းစားနေဟန်...

"သားငယ် မရိုးသားဘူး ကျွန်တော်တို့ လူလွှတ်မှဖြစ်မယ်"

"ဘာက မရိုးသားတာလဲ ကလေးတွေက ဒီတိုင်း ရိုးရိုးတန်းတန်းသွားတာမဟုတ်ဘူးလား"

"လွန်ခဲ့တဲ့ သုံးနှစ်က အဲဒီတောထဲမှာ သားငယ်ကို လုပ်ကြံခဲ့တာကို မေ့ထားလို့မရဘူး သူ့ကို သေစေချင်နေတဲ့ ရန်သူတွေက အများကြီး"

ဟုတ်တာပေါ့ သားငယ်ကို အပြောင်းအလဲကြီးကြီးမားမားဖြစ်သွားစေခဲ့တဲ့ လုပ်ကြံမှုတစ်ခု အသက်မသေပေမယ့် စိတ်ဒဏ်ရာကြီးကြီးနဲ့ သွေးအေးသတ္တဝါ လေးအဖြစ်ပြောင်းလဲ ပေးခဲ့တဲ့ အမှတ်တရတွေ အပြည့်ရှိခဲ့တဲ့နေရာကို ဘာကြောင့်များ Mochi ကို ခေါ်သွား ခဲ့ တာပါလိမ့်

"Darling ကိုဒါကြောင့် ဒီမှာ ကျန်နေခဲ့ စေချင်တာ ကောင်းမယ်ထင်တာကိုသာ စီစဉ်လိုက်ပါ အပျက်အပျက်နဲ့ နှာခေါင်းသွေး ထွက်မှာမျိုး မဖြစ်စေချင်ဘူး"

"ကျွန်တော့်ကို တစ်ချက်လောက်နမ်းပါလား ခွဲနေရမယ်ဆိုတော့ ယောက်ျားအတွက် နှုတ်ဆက်အနမ်းလေး ချန်ထားခဲ့ဦးမှပေါ့"

အေးချမ်းရာ နှလုံးသားငယ်ဟာ မျက်စောင်းမမည်တဲ့အရာလေး တစ်ချက်ပို့လွှတ်ပြီး Joon နှုတ်ခမ်းတွေကို နုနုညံညံလေး နမ်းပေးခဲ့ပါတယ်... သူဒီယောက်ျားကို ချစ်လွန်းလို့ ဒီယောက်ျားကို မခွဲနိုင်လွန်းလို့ ဒီယောက်ျားရဲ့ အရာရာဟာ သူ့ရဲ့အရာရာဖြစ်စေခဲ့တာမဟုတ်လား..
တခြားသူတွေက လူရိုးလူအေးကြီးလို့ သတ်မှတ်ထားတဲ့ Joon ဟာသူ့နှလုံးသားထဲမှာတော ဘယ်တော့မှ ရိုးအီမသွားနိုင်တဲ့ တန်ဖိုးကြီး အရိုးခံလေး...

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now