Part-(14)

3.5K 351 10
                                    

မောင့်ရဲ့ ပါးတစ်ဖက်ကို ရိုက်လိုက်ခြင်းက ကျွန်တော့် နှလုံးသားကို အသွားထက်ထက် ဓားတစ်လက်နဲ့ ထိုးဆွ ခံရခြင်းနဲ့ ညီမျှတယ် မောင်..

ဘယ်တတ်နိုင်မလဲ လူဆိုးလေး ပါစပ်က ကိုယ့်ရဲ့ နှလုံးသားကိုတန်ဖိုးမဲ့ စကားတွေဆိုတိုင်း သံသယာအဆုံးထိ အရိုစွဲအောင် နှလုံးသားနဲ့ချိန်ထိုးအနာခံ ပြီး ရိုက်နေဖြစ်ဦးမယ်ထင်ရဲ့

.... .... .... .... .... .... .... .... .... .... .....

ဓာတ်ပုံဟောင်းတစ်ခု.. မြင်လိုက်ရတိုင်းဒဏ်ရာဟောင်းတွေ ကို အမှတ်ရနိုင်တဲ့အထိ ပြင်းရှတဲ့ တစ်သက်မမေ့နိုင်စရာ အမှတ်အသားတွေနဲ့

တစ်ခါမြင် ရလေ တစ်ခါနာရလေ ဒဏ်ရာတွေက လတ်လတ်ဆတ်ဆတ်အတိုင်း
အခုတော့ ပြုံးနိုင်ခဲ့ပြီထင်ရဲ့ ပျော်ရွှင်မှုတွေကြောင့် ဖြစ်တည်လာခြင်းတော့မဟုတ်ခဲ့
မောင်က နာကျင်ရင်လည်း ခပ်ဆွေးဆွေးလေး ပြုံးတတ်သေးတာ
လွန့်လွန့်ကလေး နှုတ်ခမ်းပါးပါးလေးက တစ်ချက် ကော့တက်သွားကာ စက္ကန့်ဝက်အတွင်း ပြေလျော့သွားပြန်တယ်

ဓာတ်ပုံကို တစ်ချက်ကြည့်လိုက်ပြီး မျက်နှာလွဲလိုက်တာမို့

"အမှတ်တရ တွေအများကြီးရှိတယ်နဲ့ တူတယ် ဘာဖြစ်လို့ သိမ်းမထားတာလဲ"

"ရှိတာပေါ့ သေရာပါမယ့် အမှတ်တရကြီးကြီးတွေ "

"ဒါဆိုလဲ သိမ်းထားလေ"

ဓာတ်ပုံကမ်းပေးလာတဲ့ လက်သေးသေးလေးတွေက အနည်းငယ် ပွန်းပဲ့ရာတချို့နဲ့

မောင်က လက်ကောက်ဝတ် ဖြူဖြူလေးကို အသာအယာဆုပ်ကိုင်လိုက်ပြီး

"သိမ်းထားပေးပါ မောင် ဆရာ့ကို မျက်နှာချင်းမဆိုင် ရဲသေးဘူး"

နားမလည် ..တကယ့်ကိုနားမလည်တာပါ နားမလည်သော်လည်း တချို့တချိ့သောအကြောင်းရာတွေသည် ဆိတ်ဆိတ် နေပြီး အလိုက်သင့် စီးမျော နေလိုက်တာအကောင်းဆုံး

အရာအားလုံး သည် သန့်သန့်ရှင်းရှင်း သပ်သပ် ရပ်ရပ်လေးရှိသွားပြီမို့ သိပ်အထူးအထွေလုပ်စရာ မရှိတော့ များများစားစား ပါမလာတဲ့ ပစ္စည်းတချို့ကို နေရာ ချလျှက် မီးဖို ရန်ပြင်ဆင်မည်အပြု

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now