Part-(12)

3.7K 362 10
                                    

တခြားသူရှေ့မှာ မျက်နှာဖုံးတွေ ဘယ်လောက်တပ်တပ်

မောင် မင်းရဲ့ရှေ့မှာတော့ အစစ်အမှန်အတိုင်းပဲ ရှင်သန်တယ်

မင်းကြောင့်ရယ်မောရခြင်းတွေဖြစ်တည်လာတယ်

စနောက်လိုက်လို့ စိတ်ဆိုးသွားတတ်တဲ့ မင်းရဲ့မျက်နှာလေးကို ဆွဲဖျစ်ပစ်လိုက်ချင်တယ်

.... .... .... .... .... .... .... .... .... .... ....  ....

"ဟိုခွေးကောင်လေး ဘယ်လိုနေသေးလဲသား"

အရည် အသွေးမြင့် စိန်တွေပတ်စီထားတဲ့ အဖိုးတန်လက်စွပ်ကိုဝတ်ထားတဲ့Mr.Jeon ရဲ့လက်တွေက ခုံကိုတတောက်တောက် ခေါက်လျှက် Jimin ကိုစူးစမ်းသလိုကြည့်လာကာ မျက်ဝန်တွေကို ဖတ်နေခဲ့သည်။

"သူအဆင်ပြေပါတယ် ဒယ်ဒီ သူ့ရဲ့ စကားပြောပုံဆိုပုံတွေ မပြောင်းလဲတာကလွဲလို့ စာလဲ တော်ပါတယ် သူ့ဟာသူ သေသေ သပ်သပ်လဲနေတတ်ပါတယ်"

"ပြောပါတယ် သားငယ်လေးက နေတတ်ပါတယ်လို့"

Mr. Jeon ရဲ့အကြည့်တွေသည် Jimin နှင့် မျက်နှာ ချင်းဆိုင် ထိုင်နေသည့် Nam Joon ထံသို့ စူးကနဲ ကြည့်လာသည်။

"ကြပ်ကြပ် အလိုလိုက် အဲကောင်ကို အခုတောင်ထိန်းမရ သိမ်းမရဖြစ်နေတာ နောက်ဆို ဒီ့ထက်ပိုဆိုးလာလိမ့်မယ်"

လူအေးကြီးက သူ့တူကို အတော်လေးချစ်တာပါ တစ်လောကလုံးမှာ ဆွေမရှိမျိုးမရှိ တစ်ယောက်တည်း ပညာရေးတစ်ပိုင်းတစ်စနှင့် ဖြစ်နေချိန်

လမ်းဘေးမှာ တစ်ယောက်တည်း ထိုင်နေတုန်း အစ်ကိုကြီးက သူ့ကိုရှာတွေ့ခဲ့တာ ထိုအချိန်တုန်းက ကားပေါ်က ကလေးနှစ်ယောက်ကိုတစ်ဖက်တစ်ချက်ဆွဲလာခဲ့တဲ့ အစ်ကိုကြီးရဲ့မျက်နှာဟာ ရေသေပမာ တည်တည်ငြိမ်ငြိမ် ရှိနေခဲ့ပေမယ့် မျက်ဝန်းတွေကတော့ သူဖတ်မရတဲ့ ကြေကွဲမှုတွေ အတိုင်းသားမြင်နေခဲ့ရသည်။

ခုနစ်နှစ်အရွယ် ဖြူဥနေတဲ့ကလေးလေးရဲ့မျက်ဝန်းတွေကတည်တည်ငြိမ်ငြိမ်ဖြင့်
အရှေ့မှ ပြေးလွားနေတဲ့hoodie အနက်ရောင် short pant အနက်ရောင်shoes ကအစ အနက်ရောင်စီးထားသော all black နှင့် မျက်ဝန်းဝိုင်းကြီးတွေပါသော ကလေးလေးကိုသာ ခဏခဏ ကြည့်နေခဲ့သည်မှာ ပျောက်ရှသွားမှာစိုးတဲ့ အဖိုးတန်ပစ္စည်း တစ်ခုအလား

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now