Part-(19.2)

3.3K 301 8
                                    

အချိန်မှန်နိုးတတ်တဲ့ အကျင့်လေးက အလင်းရောင် ဖောက်မဝင်နိုင်တဲ့ မဟူရာရောင်အခန်းကျယ်ကြီးထဲ ရောက်နေခဲ့ချိန်မှာတောင် မပြောင်းမလဲ ...

မျက်ဝန်း တွေဖွင့်လိုက်တာနှင့် အနက်ရောင်တွေနှင့် မှိုင်းထနေခဲ့တဲ့ အခန်းကြီးထဲမှာ ညအိပ်မီးရောင် လေးသည် ထွန်းလင်းနေဆဲ

ဘေးဘက်ကိုကြည့်မိတော့ လစ်လပ်နေတဲ့ ကုတင်တစ်ဖက်ခြမ်းက ပြန့်ပြူးနေဆဲ အိပ်ယာခင်းကို လက်ဖြင့်အသာအယာ ဖိပွတ်မိတော့ အထိအတွေ့ တွေက အေးစက်စက်

"သူ ညကဘယ်မှာ သွားအိပ်နေတာလဲ"

မျက်ခုံးတန်းလှလှတွေက စုကျုံ့သွားရသည်။ သူကတော့ အိပ်ချင်ရာအိပ်နေပြီး သူများကို တော့ အိပ်ချင်သည့်နေရာ ပေးမအိပ် တတ်လည်းတတ်နိုင်သည့်လူ

ရေချိုးခန်းဝင်မည်ကြောင့် မတ်တပ်ရပ်လိုက်တော့ ခြေထောက်တွေက အရင်နေ့ကလောက်မနာကျင်တော့ လုံးလုံးပျောက်သွားတာလဲ မဟုတ်...
အနည်းငယ်တော့ အချိန်ယူရလိမ့်မည်မှန်း သူသဘောပေါက်မိပါသည်။

ရေချိုးခန်း ဝင်ပြီးချိန်တွင်လည်း သူ့ရဲ့ ဂွစာက ရောက်မလာခဲ့ ပြန်ဘူး..
ရောက်မလာလည်း ဘာအရေး သူတစ်ယောက်တည်း ယိုင်တိယိုင်တိုင် ဖြင့် အနည်းငယ် ထိန်းကာအောက်ထပ်သို့ ဆင်းလာခဲ့သည်။
အောက်ထပ်ရောက်သည်နှင့် ထမင်းစားခန်းမှာ လေးလေးက စားပွဲရှည်ကြီးတွင်ထိုင်နေလေပြီ
လူအေးကြီး ကထုံးစံအတိုင်း စာတစ်အုပ် ကော်ဖီတစ်ခွက်ဖြင့် တစ်နေ့တာကို အေးအေးချမ်းချမ်းပင် အစပြုနေခဲ့သည်။

"Morning လေးလေး"

သူနှုတ်ဆက်လိုက်မှ စာအုပ်ပေါ် က ကျော်ကြည့်လာကာ နှစ်နှစ်ခြိုက်ခြိုက် ပြုံးပြလျှက်

"Morning Mochi"

Jimin စားပွဲ တွင်ဝင်မထိုင်အားသေး မီးဖိုခန်းထဲဝင်သွား တာမို့ Namjoon မျက်စိတစ်ဆုံးလိုက်ကြည့်ရင်း ခေါင်းကို အသာယမ်းကာ ပြုံးလျှက် စာဆက်ဖတ်နေခဲ့ သည်။ ဆယ်မိနစ် ခန့်အကြာမှ ပြန်ထွက်လာသူက Namjoon ရှေ့မှာ ဝင်ထိုင်လာကာ ကော်ဖီတစ်ခွက်ကို သူနှင့်အတူ သောက်နေခဲ့သည်။

"ကော်ဖီ သောက်မှာပဲကို သူတို့ကို မှာလိုက်တာနဲ့ ရနေတာကို ခြေထောက်တွေ နာနေသေးတာမဟုတ်လား"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now