Part-(32.2)

2.4K 260 10
                                    


မျက်ဝန်း တွေ ဖွင့်လာသည်နှင့် အချိန်သည် ညဦးယံပင် ရောက်နေခဲ့ပြီ

သတ်မှတ်ချက်မရှိ
အချိန်အတိအကျ မရှိ
စိတ်စေရာ လွင့်နေခဲ့သည့် သည်ခရီးမှာ ပတ်ဝန်းကျင် အခြေအနေပြောင်းလဲ မှုတွေ သည်မဟူရာရောင် အခန်းထဲမှာ ဘောင်ဝင်ခဲ့ဟန်မတူ

ကြွက်သားစိုင်တွေအပြည့်နှင့် ရင်ဘတ်ပေါ်မှ ခေါင်းလုံးလုံးလေးက မောင့်ကို ပြုံးစေသည်။
တစ်ဆက်တည်း မှာပင် နှုတ်ခမ်းပါးစွန်းလေးက တွန့်ကွေးသွားပြန်သည်။
မောင့်စိတ်ခံစားချက် တွေ ကအပြုံးတွေနှင့်
ကွဲပြားသည့် အပြုံး
ကွဲပြားသည့် အဓိပ္ပါယ်တွေနှင့် ဆိုတာ ကာယကံရှင် မောင်က လွဲလို့ မသိနိုင်

လက်သေးသေးလေးတစ်ဖက်က အနက်ရောင် စောင်ထူထူကြီးအောက် က မောင့်ခါးတွေကို အတင်းအကြပ်ဖက်တွယ် ထားခဲ့သည်မှာ လွတ်ထွက် သွားမှာ စိုးနေသည့်အလား

စောင်စလွတ်နေသည့် ပခုံးသားဖွေးဖွေးတွေကို မြင်လိုက်ရတော့ မောင်အလိုမကျချင်
မောင်အိပ်ပျော် နေချိန်မှာ သည်အစိတ်အပိုင်းတွေက ဘယ်လောက်ကြာကြာ အကာကွယ်မဲ့ပြီးပြီးလဲ

လုံခြုံအောင်ဆွဲခြုံ ပေးမိတော့ ပို၍ တိုးဝင်လာတဲ့ အနွေးဓာတ်လေးက ချမ်းအေးလာတဲ့ ရာသီကြီးကိုပင် မေ့လုလု

အလှပဆုံးသော အရာတွေနှင့် ထုဆစ်ထားတဲ့ ရင်ခွင်ထဲက အရာလေးကို မောင် အစိတ်ပိုင်းတစ်ခုချင်းစီကို စေ့စေ့စပ်စပ် လိုက်ကြည့် နေခဲ့သည်။

"မောင်က သူများထက် ခြေလှမ်းတွေ ပိုရောက်နေရတာကို ကြိုက်တယ် Ji Ji

အရာရာကို အနိုင်နဲ့ ပိုင်းနှိုင်တဲ့ ခြေလှမ်းတွေနဲ့ပေါ့
မောင်ရှုံးရတာကို မကြိုက်ဘူး

မင်းတခြားသူတွေကို ပြုံးပြနေတာကို မောင်က ပို မကြိုက်ဘူး

မောင် မင်းကို ရတဲ့နည်းနဲ့ ချည်နှောင်နေဦးမှာပဲ
မောင်က မင်းသိတဲ့ အတိုင်းဆိုး လွန်းတယ် လေ
မောင်က အဆုံးအထိ ဆိုးနေဦးမှာ"

နှုတ်ခမ်းပါးလေး တွေ၏ ခစားရာက နဖူးပြင်ပြေပြေလေးထက်မှာ

မောင့်မျက်ဝန်းတွေကို နောက်တစ်ကြိမ် မှေးမှိတ်ပစ်လိုက်သည်။
ဘာပူနေစရာရှိမှာလဲ မောင့်ပိုင်ဆိုင်မှု လေးက မောင့်ရင်ခွင်ထဲမှာ

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now