Part-(25.1)

3K 306 21
                                    


မောင် ကလျှို့ ဝှက်ချက်တွေသိပ်များတယ် ကျွန်တော့် မှာသာ စွမ်းအား တွေရှိနေခဲ့မယ်ဆို

မောင့်ရဲ့ ရင်ထဲက အနက်ရှိုင်းဆုံးနေရာတွေအထိ ပထမဆုံး လိုက်ပြီး အဖြေ ရှာ မိလိမ့်မယ် ထင်တယ်

.... .... .... .... ... .... .... .... .... ....

ဖြတ်သန်းလာတဲ့ ကားတန်းကြီးက Seoul မြို့ကြီးနှင့် ဝေး၍ ဝေး၍..
သစ်ပင်တွေ တောတောင် တွေ ကြားမှာ တရိပ်ရိပ်ဖြတ်ပြေးနေတဲ့ကားတန်းကြီးရဲ့ ဦးတည်ရာက ဘယ်ကိုဦးတည်နေလဲ ဆိုတာ သူမသိ
လုံခြုံရေးအမြင့်ဆုံးကား မှာ သူရယ် အသက်ခပ်လတ်လတ် လူကြီးတစ်ယောက် ရယ် ကားမောင်းနေသော သူနဲ့ မတိမ်းမယိမ်းကောင်လေးတစ်ယောက်ရယ်..
သူသိချင်တာ မာမီ အကြောင်းလေး တစ်ခုတည်းနှင့် ဒီလောက် အင်တိုက်အားတိုက် လာကြိုနေဖို့ မလို..စိတ်ရှုတ်စရာ

သူ့မိခင်အကြောင်းကို သူအရမ်းသိချင်သည် သူ့ကို ဘာလို့ ထားခဲ့ရတာလဲ...
ဒယ်ဒီ ကသူ့မာမီ ကသေ သင့်လို့ သေရသည်တဲ့
သူ့က လက်တွေ့ မှ ယုံကြည်တတ်သည့် အမျိုးအစား ဖြစ်တာမို့ သူ့မာမီ သေသင့်လောက်သည့် အကြောင်းအရင်းကို သူရှာရမည်။

မာမီ့ အကြောင်းမေးတိုင်း ငြင်းဆန်းတတ်သည့် ဒယ်ဒီကလည်း သူ့ကို လွှတ်ပေးလိုက်သည် ။ ဒယ်ဒီ့ရဲ့ အဖိုးတန်သားလေးကို သူရန်ရှာမှာစိုး၍ ဖြစ်လိမ့်မည်။ မျက်နှာချောချောက လွန့်ခနဲ့ မဲ့ကျသွားသည်။
ဒါကြောင့် အဲဒီလူနဲ့ သူ့ကြားမှာ စာချုပ်နှစ်စောင် အဖတ်တင်သွားတာ
အဲလူအကြောင်းတွေးလိုက်တာနဲ့ အခုထိဆုပ်ကိုင်ထားမိဆဲ လက်ထဲမှ စာချုပ်ကို ဖြန့်ကြည့် မိပြန်သည်။
သူဘာကိစ္စ နှင့် ဒီစာချုပ်ကို ဆွဲယူလာမိခဲ့သည်မသိ
အချိန်တန်လျှင် ထိုလူက သူ့ကို ကွာရှင်းစာ ချုပ် လာတောင်းလိမ့်မည်ဟု ထင်သည်။

Park Jimin က သူနဲ့ လက်မထပ်ချင်ဘူးလို့ အသည်းအသန် ငြင်းခဲ့သည်မဟုတ်လား..
ဒါကြောင့် Park Jimin နှင့် သူလက်ထပ်ချင်သွားရသည်။
သူချုပ်နှောင်ခြင်းကို အရမ်းမုန်းတာပါ

သို့သော် သူချုပ်နှောင်မည့် အရာလေးက သူ့ကိုယ်သူ ချုပ်နှောင်ပြီး မှ ဖမ်းဆုပ်ရနိုင်မည့် သက်ရှိ အန္တရာယ်လေးဖြစ်နေလေတော့ သူမုန်းတီးတဲ့ အရာကို ခေါက်ချိုး ချိုးပစ်လိုက်သည်။
Jeon Jung Kook ဆိုတဲ့ သူက အဲလိုလူမျိုးမို့

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now