Part-(20.1)

3.2K 316 10
                                    

အချစ်က ကျွန်တော်နဲ့ အလှမ်းဝေးခဲ့ ပါတယ်..

ဖမ်းဆုပ်မရနိုင်လောက်အောင် မြင့်မားလွန်းနေခဲ့ တော့ အလိုက်သင့်လေး ကြွေကျလာ မယ်အချိန်ကို မရဲတရဲ မျှော်လင့်မိသား..

တယုတယ နမ်းရှိုက်မလို့ပါပဲ..

ကြွေကျမလာလည်း မျှော်ကြည့်နေရတဲ့ ဘဝလေးက ပဲ ရောင့်ရဲ့ တင်းတိမ်နေတတ်ခဲ့သူမို့

ဝဲဘက်ရင်အုံက နာပေမယ် အရာရာဟာ အဆင်ပြေနေပါတယ်...

.... .... .... .... .... .... .... .... .... ..... .....

"Tae မင်းဘယ်လိုတောင် ဖရိုဖရဲတွေဖြစ်လာတာလဲ"

Tae က စံချိန်ကျော်လောက်အောင် ချောလွန်းတဲ့ သူလို့ဆိုရမည့် နှာသီးဖျား လေးနားက မှည့်နက်လေးဆို မရိုးအီနိုင်တဲ့ ဘဝင်ခိုက်စရာလေး တစ်ခု..

ကိုယ်ကိုယ်တိုင်ပြင်ဆင်ဝတ်စားတတ်သည့် အရွယ်မှစ၍ သေသေသပ်သပ် ပြင်ဆင်နေတတ်ခဲ့သူဟာ အခုတော့ တကယ့် ကို အနောက်က မကောင်းဆိုးဝါး လိုက်လာသည့်အလား တရှူး ရှူ.း တရှားရှား ဖြစ်နေတာမို့ အေးချမ်းလွန်းသည့် ရာသီ ဥတုအခြေအနေမှာပင် ရေခပ်တိုက်နေရသည်။

အညိုရောင် coat လေးက အနည်းငယ် မသေ သပ်ကာ ဆံပင်လေးပင် အနည်းငယ် ပွ ယောင်းလို့...
လက်ထဲတွင် ပတ်ထားခြင်းမရှိသော မာဖလာအစိမ်းလေးကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားပြီး တစ်ခုခုကို ပြောဖို့ အားယူနေဟန်

"ဖြည်းဖြည်း ပေါ့ ကွာ ကိုယ့်အကြောင်းကို သိရဲ့သားနဲ့ အားသွန်ခွန်စိုက် ပြေးလာတာကိုး"

"ငါတွေ့ခဲ့ တယ်"

"ဘယ်သူ့ကိုလဲ"

"မသိဘူး"

"ဟေ"

တွေ့ခဲ့ရတဲ့ သူကို ဘယ်သူမှန်းမသိသော်ငြား အထူး အဆန်း စကားတွေ လုပ်ပြောနေသော သူငယ်ချင်းကို ကြည့်မိသည်။

"မင်းကို အနိုင်ကျင့်ကြလို့လား"

ဆရာဝန်လေးက အင်္ကျီလက်မောင်းစတွေ ဆွဲတင်ပြီး မေးလာပုံ သည် Tae ကို အနိုင်ကျင့် သူများအား ချက်ချင်းသွားဖြေရှင်တော့မည့် အနေအထား

ခေါင်းအသာယမ်းပြကာ အတော်လေးတည်ငြိမ်သွားဟန်ရှိတဲ့Taeက

"ငါလေ သူ့ကိုတွေ့လိုက်ရတာ ရင်တွေ အရမ်းတုန်လာတယ်ကွာ"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now