Part-(29.1)

2.6K 296 20
                                    

ကျွန်တော်က မောင့်ကို အဆင်မပြေစေတဲ့အရာတွေဆို သိပ်မုန်းတီးတတ်တာ..

ကျွန်တော့်ကိုပါ လာအဆင်မပြေ ဖြစ်စေလို့
.... .... .... .... .... .... ..... .... .... .....

"ငါမသွားတော့ဘူး"

"ခင်ဗျားသွားရမယ်"

အငြင်းစကားနောက်မှ အဖြေတစ်ခုသည်မဆိုင်းမတွ ထွက်ကျလာပြီး ဆန့်ကျင်ဘက်ကို အခြေခံလာသည်။
ထုံစံအတိုင်း ဆန့်ကျင်ဘက် တိုက်ပွဲတွေက နေ့စဉ်ရက်ဆက် ...သူတို့နှင့် လွတ်ကင်းတယ်ရယ်လို့မရှိ

"မင်း နေမကောင်းဘူးလေ ဘာဖြစ်လို့ သွားရမှာလဲ...
ငါတစ်ယောက်တည်း သွားမှာဆိုလည်း လက်ခံတာလဲမဟုတ်ဘူး"

အမှန်တကယ်ပင် မောင့်အခြေအနေက နေကောင်း လှသည်မဟုတ်
မောင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာတွေ တစ်ခုမှအဆင်ပြေမနေသေး...
သူ့ကိုယ်ပိုင် လေယာဉ်မို့သာတော်သေးသည်။
ဖြူရော်နေတဲ့ မျက်နှာနှင့်မောင်က ဆိုဖာပေါ် ခပ်လျော့လျော့ မှီထိုင်နေခဲ့သည်။ ဆိုရွားလှတဲ့ အခြေအနေတွေကို ကျော်ဖြတ်ခဲ့ဖူးတာ တစ်ကြိမ်မကတော့တာကြောင့် သူ့အတွက် သံသယာလည်နေတဲ့ အဆုံးအစမဲ့ ပြဿ နာက ပြီးတော့လည်းပြီးသွားမည့် အခြေအနေ

မပြီးနိုင်သေးတာက မောင့်ပိုင်ဆိုင်မှု လေး လုံးဝပျောက်ရှသွားလို့မဖြစ်

မတော်တဆ ဆိုတာမတွေးရဲလောက်အောင် ပျောက်ရှသွား လျှင် ပြန်လာအပ်မည့်သူမရှိလောက်တဲ့ အဖိုးတန်တာထက် ကျော်လွန်နေတဲ့ သက်ရှိလေး
လက်ရှိအခြေအနေထက် လောကကြီးဂျွမ်းထိုးမှောက်ခုံဖြစ်သွားနိုင်သည့် အခြေအနေရယ်ပါ

"ဒါကြောင့် မောင်လိုက်မယ်လို့ပြောနေတာလေ...
နေမကောင်းတဲ့ ယောက်ျားကို ခင်ဗျားပြုစုရမှာပေါ့"

ပြောနေသည့်ပုံစံက သူနေမကောင်းလို့ ပြုစုမအားသည့်ဆရာဝန်လေးအား Bangkok အထိလိုက်ပြီး လူမမာက ပြုစုခံတော့မည့်အနေအထား

"မင်းအတွက် နားနားနေနေ နေတာက ပိုအဆင်ပြေလိမ့်မယ်..
ဒါကဆရာဝန်တစ်ယောက်အနေနဲ့ အကြုံပြုချက်ပေးတာပဲ"

"ယောက်ျား ရှိနေတာပဲ မလိုဘူး"

မလိုအပ်တဲ့ အရာတွေအတွက် Jeon Jimin ကသိပ်အာရုံ ခံလွန်းသည်။ဘာမှ ပြန်မပြောနိုင်ခင် သူဆရာဝန်လေး ပေါင်ပေါ်လှဲအိပ်လိုက်သည်။ ညကကောင်းကောင်း မအိပ်လိုက်ရ
လေယာဉ် ပေါ်ရောက်နေချိန်တောင် ဆက်လက်နားငြီးနေရပုံက အတော်လေးအလိုက်မသိရှာသော ယောက်ျားကြောင့်ပင်
အခုချက်ချင်းပင် ပျံသန်းနေသောလေယာဉ်ပေါ်မှ သူသာဆင်းပြန်မည်ဆိုလျှင် အမြန်ဆုံးနည်းနှင့် ကန်ချမည်လားမပြောတတ်
ဝေးပါသေးသည် ထိုလူ့ကို Jeon Jung Kookက ဒီလိုပုံစံမျိုးလွှတ်လိုက်ရမည်ဆို ရာဇဝင် အရိုင်းကြီးရိုင်းရတော့မည်ပေါ့

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now