Part-(38.2)

2.3K 247 18
                                    


"ဒေါက်...ဒေါက်....ဒေါက်"

နားထဲသို့ ဖြတ်ဝင်လာသည့် တံခါးခေါက်သံ က လေးလံနေတဲ့ မျက်ခွံတွေကို အားပြုဖွင့်ဖို့အတွက် အသိစိတ်တို့ ဝင်လာစေသည်။

နောက်ကျိနေသော ခေါင်းကို လက်နဲ့ ဖိဆုပ်လိုက်ပြီး မျက်ဝန်းတွေကို အားပြုဖွင့်လိုက်ကာ

"ဝင်လာခဲ့"

နက်ပြာရောင် suit ကို သေ သပ်စွာဝတ်ဆင်ထား တဲ့ Hoseok က ကုတင်နားမှာလာရပ်သည်။

"ဘာကိစ္စ ရှိလို့
လဲ Hoseok"

"ဒီနေ့ မင်္ဂလာပွဲ သွားရပါမယ်"

ဟုတ်သားပဲ...
သတိကြီးတဲ့ သူက ဘာဖြစ်လို့ ဒါကို မေ့နေရတာလဲ

သူ့လိုလူမျိုးကို ခေတ္တခဏ ဝေဝါးသွားစေရတာက ဘာ့ကြောင့်လဲ

ခုတင်ကို ခပ်လျော့လျော့ မှီရင်း ဗလာကျင်းနေတဲ့ ခန္ဓာကိုယ်အား ခါးစပ်အထိ စောင်ကို ဆွဲခြုံထားသည်မှာ သူအိပ်နေကျဖြစ်ရိုးဖြစ်စဉ် တစ်ခုပဲ မဟုတ်လား

မျက်ဝန်းတွေကို မှေးမှိတ်လိုက်ပြီး ရှုတ်ထွေးနောက်ကျိနေတဲ့ ခေါင်းကို အဆင်မပြေသည့် ကြားမှ အလုပ်ပေးလိုက်သည်။

"Hoseok ညက မင်းငါ့ အခန်းထဲ လာသေးလား"

"ကျွန်တော် ပြန်ရောက်တော့ကောင်လေးတွေက
သခင်လေး အဆင်ပြေနေတယ် တစ်ခုခု မပြောဘူးဆိုတာနဲ့
တံခါးဝအထိပဲ ခဏလာစစ်ဆေး ဖြစ်ပါတယ်"

ဝိုးတဝါး ပုံရိပ်တွေက အစီအရီ ခေါင်းထဲရောက်လာကြကာ ခန္ဓာကိုယ် သည်နုံးချိနေသယောင်

"ငါ ညက ဆေးခပ်ခံရတယ်"

ပြောပြောဆိုဆို စိတ်မြန်လက်မြန်ရှိလှတဲ့ သခင်လေးက စောင်ကို ဆွဲလှန်ပစ်လိုက်ပြီး သူ့ကိုယ်သူ ဆန့်စစ်နေတာမို့ Hoseok မျက်နှာလွှဲသွားသည်။

စိုးရိမ်မိတာမှန်သော်လည်း မနက်စောစော စီးစီး တုတ်ပြ ဓားပြနေတာကိုတော့ Hoseok မကြည့်နိုင်ပါ

သခင်လေးက စူးစမ်းလို့ ဝသွားဟန်ရှိမှ စောင်ကို ပြန်ပတ်လိုက်ပြီး အခန်းပတ်ပတ်လည်ကို ထပ်စူးစမ်းနေပြန်သည်။

"Hotel အဝင်အထွက် တွေကို အကုန်စစ်ပေး Hoseok

ပြီးတော့ မနေ့က ငါ့ကို ခိုးကြောင် ခိုးဝှက် နဲ့ ကွယ်ရာက လက်သီးပြနေတဲ့ အကောင်ကိုလည်း ငါသိမှရမယ်"

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now