Part-(36.2)

2.1K 246 15
                                    


မျက်ဝန်းတွေဖွင့်မလာသေးသော်လည်း အသိစိတ် ကပ် သည်နှင့် ဘေးဘက်ဆီသို့ လက်တွေက အလိုလိုစမ်းမိလျှက်သား
အေးစက်စက် အထိအတွေ့ တွေက မောင့်ရင်ကိုတော့ အခုလို အေးချမ်းနေတဲ့ ဆောင်းညကြီးမှာတောင် ပူလောင်ရလွန်းနေသည်။
မျက်ဝန်းတွေ ပွင့်လာသည်နှင့် စားပွဲ ထက်မှ နာရီ ကို တစ်ချက်ကြည့်မိသည်။
ည နှစ်နာရီ။

သူတို့ညနေခြောက်နာရီကတည်းက အခန်းပြင် မထွက်ကြတော့တာ
ညစာပင် မစားဖြစ်ခဲ့ကြ
Jeon Jimin က တစ်ခုခုစားဖိုဆင်းသွားခဲ့ခြင်းပေလား
အိပ်ယာမှ ထကာ ဗလာကျင်း နေတဲ့ ခဏကိုယ်အား သူ့ရဲ့ Pajamas တွေကို လျှင်လျှင် မြန်မြန် ဖရိုဖရဲ ဝတ်ဆင်လိုက်ပြီးအနွေးထည် long coat ကိုပါ တစ်ဆက်တည်း ဝတ်ဆင်လိုက်ကာ အောက်ထပ်သို့ ဆင်းလာခဲ့သည်။

အောက်ထပ် ထမင်းစားခန်း အကျယ်ကြီးက တိတ်ဆိတ်စွာ ဆည်းကြိုနေချိန်တွင် မောင် အလိုမကျတော့

Jeon Jimin ဘာတွေ မောင်မသိအောင် လုပ်နေပြန်ခဲ့တာလဲ
မောင် စံအိမ်ကြီးထဲမှ ထွက်ကာ တောင်စောင်းပေါ်က အိမ်ကလေးဆီသို့ ရောက်လာခဲ့သည်။

အိမ်ကလေး၏ အောက်ထပ်OPD အခန်းထဲမှ အလင်းရောင်ပျပျလေးက ကာရံထားသည့် လိုက်ကာ စတွေကို ဖောက်ထွက်လို့ မှိန်မှိန်လေး

အိမ်ကလေးဆီသို့ သွားသည့် လမ်းလေးကို ရှင်းရှင်းလင်းလင်း မြင်ရဖို့ မောင်စိတ်မကူးမိ

မောင်က အမှောင်ညနက်နက်တွေကို သိပ်ကြိုက်သူ

မဟူရာ ထနေတဲ့ အချိန်တိုင်းက မောင့်ရဲ့အဆုံးအစမရှိ အတောက်ပဆုံးသောအချိန်တွေ

တစ်ခြံလုံး စံအိမ်ကြီးအပါအဝင် ပတ်ပတ်လည် အားလုံးကို မောင်သာအလိုရှိပါက နေ့ဘက်နှင့်မခြားနားအောင် စေစားနိုင်ပါသည်။

အလင်းရောင်ပြန်မှုတွေကိုမောင်မကြိုက်

မောင်သိပ်ကြိုက်သည့် ကြယ်လေးတွေကို ညကောင်းကင်ယံမှာ မမြင်ရမှာကို မောင်မကြိုက်

ဘယ်လောက် ပင် ညနက်ပါစေ
မောင့် နားနှင့် မျက်စိတွေက အမှောင်ထုထဲ ကောင်းကောင်း အလုပ်လုပ်သည်။

မောင့် ယောကျာ်း(မောင့် ယောက်ျား)Where stories live. Discover now